"အေ့လေ...gegeဘာသာဘာလုပ်လုပ်ပေါ့...ခင်ဗျာတို့နဲ့ဘာဆိုင်လဲ"

ဝမ်ရိပေါ်ရဲ့စကားကြောင့် kနဲ့ကျန်းချန် ရဲ့မျက်စောင်က ဒိုင်းကနဲပင်။ ဒါပင်မဲ့ထိုးခ့ရတဲ့ကံရကံရှင်ကတော့ပြုံးပြုံးပင် မဲ့စရာအကြောင်းလဲမရှိပါ ဘာလို့လဲဆိုတော့gegeကဟိုအရူးနှစ်ကောင်ပြောတုန်းကမော့တောင်မကြည့်ခဲ့ ဘူး။သူပြောမှသာ မောကြည့်လာတာ "ပါးစပ်ပိတ်ထား"ဆိုတဲ့အကြည့်ပင်မဲ့လဲပေါ့။ဘာပဲဖြစ်ဖြစ်ငါ့ gegeကငါ့ကြည့်တယ်လေ။

ရှောင်းကျန့် မြေပုံကိုသေချာထပ်ကြည့်လိုက်ပြီး နောက်ထပ်သွားမဲ့နေရာကို ကြည့်လိုက်တော့ mushroom forest။mushroom forestဆိုတာပဲ မှိုတိုင်းပြည်ကိုပြောတာပါပဲ။
ဒါပင်မဲ့ သာမန်မှိုတွေမဟုတ်ပဲ သဘာဝကိုလွန်ဆန်ပြီးအများအပြား အမျိုးအစားအမျိုးမျိုးနဲ့ပေါက်ရောက်နေတဲ့ အဆိပ်မှိုတွေပဲ သူတို့ရဲ့အသွင်သဏ္ဍန်က လှပပြီးအရောင်အတွေးစုံလင်တယ်။ လင်းလက်တောက်ပနေတတ်ပြီးထူးထူးဆန်းဆန်းနဲ့ လူတွေရဲ့အမြင်ကိုလှည့်စားပြီး အသက်ကိုနှုတ်တယ်။အဲ့နေရာကိုသာမန်တိရိစ္ဆာန်အကြီးအသေးကစ သူတို့ကိုထိလိုက်တာနဲ့သေတာပဲ။ဒါပင်မဲ့သူတို့က အဆိပ်ဖော်စပ်တဲ့နေရာမှာအသုံးဝင်တဲ့အပြင်တခြားဆေးဖော်စပ်တဲ့နေရာမှာလဲ အသုံးဝင်တာကြောင့် သူတို့ကိုတော့လိုချင်နေကြတုန်ပင်။

ရှောင်းကျန့် တို့သွားရမဲ့ နေရာကထိုနေရာကို ဖြတ်သွားမည်ဖြစ်တာကြောင့် နည်းနည်းတော့စိတ်ပူမိသည်။သူကသာမန်လူအတွက်စတာအန္တာရယ်ရှိတာကြောင့် ရှောင်းကျန့် ဝမ်ရိပေါ်က်ုစိတ်ပူမိသည်။ဝမ်ရိပေါ်ကဘာမျိုးနွယ်ကမှန်း သေသေချာချာမသိရသေးပါ ဘီလူးမျိုးနွယ်ကလို့ပြောရလို့လဲ မရသေး။ဘီလူးမျိုးနွယ်ကပဲထားပါတော့ ဝမ်ရိပေါ်ကတော့လူသွေးတစ်ဝက်ပါနေတာကြောင့် သူ့အတွက် စိတ်ပူရသည်။ဒါပင်မဲ့သူ့ကိုထားခဲြလို့လဲမရတာကြောင့် ရှောင်းကျန့် သက်ပြင်းတွေသာအကြိမ်ကြိမ် ချမိတော့သည်။

တိတ်တိတ်လေး ငြိမ်ကာ ရှောင်းကျန့် ကိုကြည့်နေကြတဲ့ဝမ်ရိပေါ်တို့သုံးယောက်ကတော့ ရှောင်းကျန့်ရဲ့ သက်ပြင်းချ တွေကြောင့်ကြောင်စီစီနဲ့သာ ။မသိရင် လအလေးသုံးကောင်က ပညာရှိကိုမမြင်ဖူးလို့လာကြည့်နေသလိုပင်။ကျန်းချန်ဆိုပါးစပ်အဟောင်းသာနှင့်ကြည့်နေသည်မှာယင်ကောင်ဝင်ဥမတတ်ပင်။kကတော့ မျက်လုံးပြူးမျက်စံပြူးနှင့်ရှောင်းကျန့်ကိုကြည့်နေသည်မှာ မျက်လုံးကြီးပင် ရှောင်းကျန့် စီသို့ပြေးချင်နေသလိုပင်။ဝမ်ရိပေါ်ကတော့ကြောင်စီစီရုပ်နေနဲ့ ရပ်နေကာ အခုထိကောင်းကောင်းမဖီးရသေးသောဆံပင်ကြောင့် မိဘနဲ့ လမ်းကွဲသွားတဲ့ ကလေးမသာလေးလိုပင် သနားစရာကောင်းနေတော့သည်။

 My  Warlock (Completed)Where stories live. Discover now