"အွန်...ဘာအသံတွေလဲ ဘလ်.."

ဘလ်အိပ်ခန်းထဲကနေ ဖရိုဖရဲ၊ အိပ်ချင်မူးတူးနှင့်ထွက်လာသော ဖတ်စ်ဟာအခုမှနိုးလာသည့်ပုံစံပင်။

"ဖတ်စ်"

"ဟင်..ဆတ်စ်! မင်းဘယ်လိုလုပ်"

"စကားမများနဲ့ ငါနဲ့လိုက်ခဲ့"

"ဟျောင့်အပြင်မှာမိုးတွေရွာနေတယ်လေ!"

ဖတ်စ်ကိုအပြင်ခေါ်ထုတ်သွားရင်လုပ်နေသော ဆတ်စ်အားဘလ်လုမ်းတားလိုက်သည်။

ဆတ်စ်ကတော့ဘလ်စကားအားမကြားချင်ယောင်ဆောင်ကာ ဖတ်စ်ကိုသာအတင်းဆွဲခေါ်လာပြီး ကားထဲထည့်လိုက်၏။

ထို့နောက်ကားကိုဦးတည်ရာမဲ့မောင်းထွက်လာခဲ့သည်။

"မင်းဘာဖြစ်နေတာလဲ ဆတ်စ်! ငါ့ကိုဘယ်ခေါ်သွားမလို့လဲ"

သို့သော်ဆတ်စ်စီကဘာအဖြေမှပင်ပြန်မရချေ။

"ဆတ်စ်! ငါပြောနေတယ်လေ! ကားကိုအရှိန်လျော့အုံးဆတ်စ်!!"

မိုးတွေကရုတ်တရပ်အရမ်းရွာချလာတာကြောင့် အရှိန်ပြင်းပြင်းနဲ့မောင်းနေသည့်ဆတ်စ်ကိုပင် ဖတ်စ်စိတ်ပူလာသည်။

ကားဟာနောက်ဆုံးထွက်မော်ဒယ်လဲဖြစ်သလို အင်ဂျင်တွေကလဲ အရမ်းမြန်ကြတာ။

"ဆတ်စ်..ငါတောင်းပန်ပါတယ်။ ကားရပ်လိုက်ပါတော့ဆတ်စ်! ငါကြောက်လို့ပါ!"

ဖတ်စ်အတန်တန်တောင်းပန်နေသော်ညား ဆတ်စ်ကတော့အရှိန်နည်းနည်းမျှပင်မလျော့။

နောက်ဆုံးတော့ ဆတ်စ်၏လိုရာကိုရောက်လာခဲ့၏။

"မင်းအိမ်ကိုဘာလို့ခေါ်လာတာလဲဆတ်စ်"

ဆတ်စ်ကဘာမှမဖြေပဲ ဖတ်စ်ကိုကားထဲကဆွဲထုတ်လာပြီးသူ့အိပ်ခန်းစီသို့ခေါ်ဆောင်လာခဲ့သည်။

ဖတ်စ်တစ်ယောက်ဆတ်စ်လက်ကလွတ်ဖို့နည်းနည်းမှမရုန်းမိချေ။ အဘယ်ကြောင့်ဆိုသော်ဆတ်စ်ကိုကြည့်ရတာအလွန်ဒေါသထွက်နေပုံရပြီးမိုးရည်တွေလဲစိုရွဲနေတာ။

မိုးကမနတ်တည်းကခပ်ဖွားဖွားလေးတွေကျနေတာဖြစ်တာကြောင့် ကြည့်ရတာဆတ်စ်သူ့ကိုတစ်နေကုန်လိုက်ပတ်ရှာနေပုံပင်။

The end of the love story (uni/zaw) (perthchimon)Where stories live. Discover now