Chapter 40

8.2K 389 16
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 40

လွန်ခဲ့တဲ့ 7 ရက်ခန့်က....

ဆောင်း နဲ့ ဟန်နီတို့ကိုအလောင်းတွေကို ရေခဲတိုက်ထဲထားဖို့ လိုက်မလာနိုင်လောက်အောင်ပူဆွေးနေတာကြောင့် သူကပဲအကုန်စီစဥ်ဖို့အတွက် ရေခဲတိုက်ထဲကိုအလောင်းတွေထားဖို့လိုက်လာတော့ ရေခဲတိုက်ထဲရောက်တယ်ဆို အလောင်းနှစ်ခုကို ရေခဲခန်းထဲမထည့်ပဲထွက်သွားတဲ့ အစောင့်နှစ်ယောက်ကြောင့် သူ လှမ်းခေါ်ဖို့ပြင်လိုက်တော့ သူလက်ကိုကိုင်တွယ်လာတဲ့ လက်အေးအေးကြောင့် လန့်ပါသွားရသည်။လက်ကုလာကိုင်လိုလန့်နေတုန်းရှိသေး အပေါ်ကအဖြူရောင်အဝတ်ဖြူကို ဖယ်ချကာထထိုင်လာတဲ့ Mine ကြောင့်......

"အန်ကယ်"

"မင်းမသေဘူးလား!"

သူမေးတယ်ဆို Mine ကခေါင်းရမ်းပြကာ သူဝတ်ထားတဲ့လူနာအင်္ကျီအပြာရောင်အပေါ်ကနေ ညာဘက်နားကထိရင်း....

"ကျွန်တော်က ညာဘက်ကိုနည်းနည်းလေးထိသွားတာ အန်ကယ် ကျွန်တော်ဘာမှမဖြစ်ဘူး....ဖြစ်တာက H ဒါပင်မဲ့ သူလည်းမသေဘူး သူက ကိုမာဝင်နေတာ....လက်တွေအေးဆက်နေတယ်ဆိုတာကလည်း ဆရာဝန်တွေကို အကူအညီတောင်းထားတာ"

Mine ဒီလိုလုပ်တာဘာကြောင့်လဲဆိုတာကို ထောက်လှန်ရေးသမားတစ်ယောက်အနေနဲ့ သိတာကြောင့် နားလည်သည်။သူသေချင်ယောင်ဆောင်မှ လုပ်လို့ရမဲ့ဟာတွေရှိတာကြောင့်ထင်သည်။

"အန်ကယ်မင်းကိုနားလည်တယ် ဒီရက်ပိုင်းတော့မလုပ်နဲ့ဦး....မင်းဒဏ်ရာကလည်းမပေါ့ဘူး"

"ကျွန်တော်ဒဏ်ရာသက်သာမှလုပ်မှာ ပြီးတော့ ကျွန်တော်အစား သူမကိုဂရုစိုက်ထားပေးပါနော်"

ဘယ်အရေးကြီးကိစ္စပဲလုပ်လုပ် အခုလိုသေချင်ယောင်ဆောင်ရတာကလည်း ဆောင်းလေးအတွက်ဖြစ်တဲ့အပြင် သူ့မိန်းမကိုဂရုစိုက်ဖို့မှာနေတဲ့ Mine ကို ကျော်စွာကပုခုံးသာပုတ်လိုက်သည်။

အကုန်လုံးကသူသေတယ်ထင်ပြီး အပူတွေများနေလိုသာသတိမထားမိခ့ကြတာ။တကယ်ကို သေတယ်ဆိုအလောင်းကိုအဝတ်ဗလာသာထားတက်ကြတာကို သူတို့ကိုယ်ပေါ်မှာဆေးရုံအဝတ်အစားတွေကို သတိမထားမိခဲ့ကြတာ။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Où les histoires vivent. Découvrez maintenant