Chapter 39

6.6K 383 15
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 39

Day~7

ဒီနေ့ဆို သူမရှိတာ 7ရက်တောင်ရှိပြီ။သူမရှိတဲ့ 7ရက်အတွင်း ဘာပြောင်းလဲသွားလဲဆိုရင် ဆောင်းအတွက်ကတော့ သူသေဆုံးတာကို လက်မခံနိုင်သေးတာပင်။7 ရက်လုံးလည်း အစားကိုဟုတ်တိပတ်တိမစားသလို အန်တီတို့က သူရဲ့ဂူကိုသွားကြည့်မယ်ပြောတော့လည်း သူမလက်မခံနိုင်တာကြောင့်မတွေ့။

"သမီး မေကြီးတို့ပြန်ရင် မြန်မာပြည်လိုက်ခဲ့ပါလားကွယ်"

"ဟင်အင်း သမီးသူမရှိတော့တာကိုမယုံနိုင်သေးဘူး....သူတကယ်မရှိတော့တာကို ယုံတဲ့တစ်နေ့ သမီး မြန်မာပြည်အပြီးပြန်ခဲ့မှာပါ"

မေကြီးတို့က ဆရာဝန်မို့သူမဆီမှာအကြာကြီးနေချင်ပင်မဲ့လည်းမရတာ သူမကိုယ်တိုင်ကလည်း ဆရာဝန်ဖြစ်တာကြောင့်နားလည်သည်။သူမအတွက်ကတော့ သူနဲ့အတူရှိခဲ့တဲ့နေရက်လေးတွေက နည်းငယ်ပင်မဲ့ အမှတ်တရများစွာတော့ရှိခဲ့သည်။သူမအပေါ်ဆို အနိုင်ယူဖို့နေနေသာသာ သူမအဝတ်အစားတွေကိုတောင် သူကိုယ်တိုင်လျှော်ပေးခဲ့တာ။သူမတို့လက်ထပ်ပြီးကတည်းက သူမကိုပင်ပန်းစေတဲ့အလုပ်ဆို ဘာတစ်ခုမှပေးမလုပ်ခဲ့တဲ့အပြင် ဆေးရုံမှာတာဝန်ကျတော့လည်း သူမအတွက်နေ့လည်စာကို သူမအတွက်မအားတဲ့အချိန်ထဲက ဖဲ့ပေးတာ။

"ဆောင်း ကိုစိတ်ချပြီးထားခဲ့ပါ မလွင် ညီမတို့လည်းတူမလေးနဲ့အတူနေပေးမှာပဲ"

"သမီးလေးကို ညီမလေးတို့နဲ့စိတ်ချလို့လည်း ပဲရစ်မှာလွတ်ထားတာပေါ့.....လွင် စိတ်မချတာက သမီးလေးရဲ့စိတ်ပဲ အခုထိဘာဆိုဘာမှကောင်းကောင်းမစားဘူး"

သူမတို့နဲ့အခုထိုင်ပြီးစကားပြောနေတာတောင် ငေးငိုင်နေတဲ့ သမီးလေးကိုရေမြေခြားမှာထားခဲ့ရမှာမိခင်တစ်ယောက်အနေနဲ့ဘယ်စိတ်ချပါမလဲ။သမီးလေးက ယောကျာ်းသေလို့ခံစားရတဲ့အပူကို သူမတို့တွေမခံစားဘူးပင်မဲ့ သမီးလေးနာကျင်နေတာကိုကြည့်က သူမတို့လည်း မျက်ရည်မဆယ်နိုင်။

"ဆောင်း 7 ရက်ရှိပြီနော် သမီးရေကလွဲပြီး ကျန်တာကိုကောင်းကောင်းမစားတာ....ဘာစားချင်လည်း မေမေကိုပြော မပြန်ခင်ချက်ကျွေးသွားမယ်"

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now