Part -(3)👻👻👻

Start from the beginning
                                    

"လျှို့ဝှက်ဆန်းကြယ်စွာရောက်လာကြတာ?,မဆန်းတော့ပါဘူး ,ကေသီကငါ့ကိုမခေါ်နိုးခဲ့သလို, အမေအိုအစ်ကိုကြီးကလည်း ငါ့ကိုမေ့နေတာမထူးဆန်းတော့ပါဘူးလေ ,နိဟောင်, ငါ့နာမည်က နာနာ့ပါ, အသက်၁၆နှစ်,၁၀တန်းအထက်တန်းကျောင်းသူပါ "

"ငါ့နာမည်ကအေရယ်ပါ ,အသက်၁၈နှစ်,ဖလော်ရီရယ်ကိုယ်ပိုင်အထက်တန်းကျောင်းကပါ"

သူမရဲ့ကျောင်းနာမည်ကိုပါသိလိုရာ အေရယ်မှာသူ့ရဲ့ကျောင်းနာမည်ကိုပါရည်ရွယ်ချက်ရှိရှိနဲ့ ထည့်ကာမိတ်ဆက်လိုက်ခြင်းပင်။နာနာ့လည်း သဘောပေါက်ပေ၏။

"သြော် ငါကRainbowအထက်တန်းကျောင်းကပါ"

ထိုစကားကြောင့် ကျန်တဲ့သူတွေရဲ့အကြည့်မှာ ညဝတ်အင်္ကျီနဲ့ ကြယ်စုံလင်ဆီ အော်တိုရောက်လာကာ အိပ်ချင်မူးတူးနဲ့ကြယ်စုံလင်မှာတော့ နာနာ့ကိုစိတ်အားထက်သန်စွာကြည့်လာလေ၏။

"ဒါဆိုငါနဲ့ကျောင်းအတူတူပဲပေါ့"

"ဟုတ်လား နင်လည်းRainbowကျောင်းကပဲလား"

"ဟုတ်တယ်လေ , ငါက၁၁တန်းက"

"အို့ ! ,စီနီယာပဲ"

အပြန်အလှန်ပြောဆိုနေကြတဲ့ ၂ယောက်ကို ကျန်တဲ့သူများကထူးဆန်းစွာကြည့်လာပေ၏။Rainbowကျောင်းကဘယ်လိုကျောင်းမျိုးလဲ?,, တစ်ကျောင်းတည်းအတူတူနေတဲ့သူတောင် အချင်းချင်းမသိကြဘူးတဲ့လား???။

"တကယ်တော့ငါက ကျန်းမာရေးအခြေအနေကြောင့် များသောအားဖြင့် အွန်လိုင်းကနေစာသင်နေရတဲ့သူပါ, ကျောင်းကတော့Rainbowကျောင်းကပဲ.. ဟေး!... ငါ့ကိုအဲ့လိုမျိုးမကြည့်ကြနဲ့လေ ,ငါ့ပုံစံကအကောင်းကြီးပဲဆိုပေမယ့် နေ့ဘက်ကျရင် အပြင်ထွက်လို့မရတဲ့အခြေအနေရှိတယ်"

ဒါကြောင့်ဒီကောင်လေးဒီလောက်အထိနုဖတ်နေတာမဆန်းတော့ပါဘူးလေ ။တော်ဝင်နန်းတော်ကပွဲကစင်ဒရဲလားလိုပဲ။
ကျန်တဲ့သူတွေလည်း သူတို့ကိုယ်သူတို့ နာနာ့နဲ့မိတ်ဆက်လိုက်ကြသည်။ ဒီညီမငယ်လေးကချစ်ဖို့ကောင်းတယ်။ သူမကိုကျွေးဖို့ သူတို့ဆီမှာသကြားလုံးလေးတွေပါလာရင် ပိုကောင်းမယ်။ အိမ်ပြန်ရောက်ရင် အမေ့ကို ဒီလို ညီမလေးတစ်ယောက်ကိုမွေးပေးဖို့ ပြန်ပူဆာရမယ်။

You've reached the end of published parts.

⏰ Last updated: Dec 11, 2023 ⏰

Add this story to your Library to get notified about new parts!

နတ်ဆိုးကြီးတွေ ငါလေးကို ဝိုင်းလုချင်နေကြတယ်Where stories live. Discover now