အပိုင်း ၁၃

Start from the beginning
                                    

"အခြေနေကတော့ကောင်းပါတယ်
ရက်ကြာသွားတာမို့ ကိုယ်လှုပ်ရှားမှုလေးနေတာပါ...အကိုက်ခဲပျောက်ဆေးထိုးပေးခဲ့မယ်
လူနာကို အစာပျော့နဲ့ရေကလွဲ ကျန်တာမကျွေးပါနဲ့အူး....အလေးသွားရခက်နေမှာမို့ပါ
လမ်းကြောင်းဒဏ်ရာ သေချာကျက်မှဆေးရုံကဆင်းနိုင်ပါ့မယ်...."

ဒေါက်တာပြောတဲ့စကားကို သူသေချာနားမလည်....ဘယ်လမ်းကြောင်းကအဆင်မပြေတာလဲ.....

"နေသာရဲ့လားငယ်
ဆေးထိုးထားတာမို့ ခနနေသက်သာသွားလိမ့်မယ်"

ဒီချိန်သူ့ကိုစကားပြောပေးနေတာက မား...
သူ့ပြည့်နဲ့ပါပါးက ဘာတခုမှဝင်မပြောပဲ ခပ်တွေတွေသာ သူ့ကိုငေးကြည့်နေကြသည်

"ပါပါး ငယ့်ကိုဖက်ထားပေးပါ
ပါးဖက်ထားပေးရင် ငယ်ပိုသက်သာလိမ့်မယ်"

လက်ကလေးဆန့်ကာ ခေါ်မိတော့
ဝေ့သီနေတဲ့မျက်ရည်စကိုသုတ်ကာ ပါးရောမားပါ သူ့ကိုဖက်ထားပေးကြတော့သည်

မေ့နေတာက၃ရက်
ကိုယ်ပေါ်ကဒဏ်ရာတွေက ညိုမဲနေတဲ့ဖက်ကိုရောက်နေတဲ့အပြင် လူကပိုသေးပြီးဖြူဖတ်ဖြူလျော်နဲ့မို့ ခပ်ဖွဖွလေးသာဖက်ထားပေးကြတော့သည်.....မားတို့ဖယ်သွားချိန်မှာတော့..

"သူ့ပြည့်.....ဒီတိုင်းကြည့်နေတော့မှာလား
ငါ့ကိုလာဖက်ပါအူး"

သဲနုငယ်စကားအဆုံး ငယ်ငယ်ရယ်ဆိုပြီး သူ့ပြည့်က ငိုကာလာဖက်လေတော့သည်
သူလည်းငိုချင်တယ်.....ဘာမှနားမလည်တဲ့အခြေနေမှာ ဘာဖြစ်နေမှန်းမသိတဲ့တစုံတယောက်ကိုမမြင်ရတော့ ပိုဝမ်းနည်းရသည်
ဒီလောက်ဆို လက်မခံနိုင်လို့ မလာတာပဲဖြစ်မှာပါ......သူသိနှင့်နေပါပြီ

"မား.....ငယ် ဒီရောက်နေတာကြာပြီလား"

" သုံးရက်ရှိပြီသားငယ်
မားတို့ ခုမှပဲစိတ်ချရတော့တယ်
ငယ့်ကို ဘလောက်စိတ်ပူခဲ့ရလဲလို့."

"ငယ်တောင်းပန်ပါတယ် မား.."

"မင်းကဘာလို့တောင်းပန်နေရတာလဲငယ်ငယ်
မှားတဲ့သူကပဲ တောင်းပန်ရမှာ...."

ဒေါသတကြီးနဲ့ပြောနေတဲ့သူ့ပြည့်ကို သူမျက်ရည်များကြားက ဝိုးတဝါးသာမြင်ရသည်
ငါမှားတာပေါ့....အားအကုန်သုံးပြီးရုန်းရင်ရနိုင်ပေမဲ့.....ငါ့ရဲ့လောဘသေးသေးလေးကို လွှတ်ပေးလိုက်မိတာ မှားတာပေါ့ သူ့ပြည့်ရယ်..

ချစ်ရပါသော သဲငယ်❤Where stories live. Discover now