နွေဝင်တော့မဲ့ရာသီဥတုက တကယ့်ကို ပူနွေးနေပါပြီ။
ရေခဲမုန့်က သူ့ရဲ့အားပါးတရတစ်ကိုက်စာမှာတင် အတော်လျော့သွားတယ်...
ရေခဲမုန့်ရဲ့အချိုဓာတ်နဲ့ ပျော်ဝင်သွားတဲ့အအေးဓာတ်က စိတ်ကို နည်းနည်းလန်းဆန်းသွားရဲ့..

လျန်ချိုးဟွာကတော့ သူ့ကို ကြည့်ပြီး မျက်မှောင်ကြုတ်တယ်။

"ငါကတော့ အဲ့ဒီဒူးရင်းအရသာကြီးမကြိုက်ပါဘူး... အရမ်းမွှေးလွန်းတယ်"

သူ မျက်ခုံးပင့်လိုက်ပြီး ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ပြလိုက်ပါတယ်။

"ငါတော့ ကြိုက်နေတာပဲ.."

အကိုလည်း ဒူးရင်းအနံ့ကို နှာခေါင်းရှုံ့ရင်း အဲ့ဒီလိုခဏခဏပြောဖူးတာရယ်...
သတိထားမိသလောက် အကိုနဲ့ လျန်ချိုးဟွာက အကြိုက်ပုံစံနဲ့ အမူအကျင့်တော်တော်နီးစပ်တယ်လို့ ခံစားရတယ်...
သူ့နဲ့အကိုကျတော့ သိပ်ပြီးအကြိုက်မတူတက်ဘူး...

ဒီအတွေးဝင်တော့ သိပ်ပြီးအလိုမကျမိ...

သူမလက်ထဲကိုင်ထားတဲ့ ရေခဲမုန့်က စတော်ဘယ်ရီအရသာ...
မိန်းကလေးတွေက စတော်ဘယ်ရီပိုကြိုက်တာလား...
အပန်းရောင်ဖြစ်နေလို့များလား...
သူကတော့ စတော်ဘယ်ရီဆိုရင် အသီးအစစ်ပဲကြိုက်တယ်။

"နေလို့ကောင်းသားပဲ..."

လျန်ချိုးဟွာတစ်ယောက် ရေခဲမုန့်ကို တမြုံ့မြုံနဲ့ နည်းနည်းဆီဖဲ့စားရင်း ကျောင်းဝန်းထဲ ဟိုကြည့်ဒီကြည့်နဲ့ စိတ်ကျေနပ်နေသလို...
မြင်ရတာ စိတ်မရှည်ချင်စရာ နည်းနည်းကောင်းတယ်။
နည်းနည်းစီစားတာက ဘာအရသာရှိလို့လဲ...

အကိုမုန့်စားသလို ချစ်စရာကောင်းနေတာမျိုးလည်း ဟုတ်မနေဘူး...

ဒါပေမဲ့ သူဘာမှ မတုံ့ပြန်ဖြစ်..

သူ့အကြည့်ကို ကျောင်းကွင်းပြင်ဘက်ကိုလှည့်လို့ ငြိမ်နေမိတယ်။
သူမနဲ့ ဘာစကားတွေပြောလို့ရမလဲဆိုတာ တကယ် မသိ​သေးဘူး...
ကင်မရာကို လက်ထိပ်နဲ့ တစ်ထောက်ထောက်ခေါက်ရင်း ဆက်ပြောလို့ရမဲ့စကားကို စဥ်းစားနေရတယ်...

"ကျောင်းထဲမှာ ဒီလိုကင်မရာကိုင်ပြီးလျောက်သွားနေတာ ခွင့်မပြုဘူးနော်... ဆူခံထိလိမ့်မယ်"

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now