"ဒုဓလီစေ့လေးတွေကို လေထဲပြန့်သွားအောင် မှုတ်ထုတ်လိုက်ရင် ဆုတောင်းပြည့်တယ်တဲ့။ တစ်ခါလောက် ဆုတောင်းကြည့်ပါလား"
~
နေ့တိုင်း စက်ဘီးစီးရင်း ဖြတ်သွားတိုင်း မြင်နေရတဲ့ ဖွေးဖွေးလှိုက်အောင် ပွင့်နေတဲ့ ဒုဓလီတွေက ပန်းမဟုတ်ဘဲ အစေ့တွေတဲ့လေ။ ဘဝမှာ ပန်းဆိုလို့ နှင်းဆီပန်းလောက်ပဲ သိတာဆိုတော့ အစိမ်းရောင် မဟုတ်တဲ့ အပင်တိုင်းကို ပန်းလို့ပဲ ထင်နေခဲ့တာ။ အဲတော့ ဒုဓလီ ဖြူဖွေးဖွေးတွေကိုလည်း ပန်းလို့ပဲထင်နေခဲ့တာပေါ့။
တစ်စုံတစ်ယောက်က ပြောတာတော့ သူတို့တွေ ဖြစ်မလာခင် အဝါရောင် အပွင့်လေးတွေက အရင်ဆုံး ပွင့်လာကြတာတဲ့။ အဲကနေ ပွင့်ဖတ်တွေအကုန် ခြောက်သွေ့သွားပြီး အောက်ကနေမှ အခုမြင်နေရတဲ့ ဖြူဖွေးနေတဲ့ ဒုဓလီစေ့ လုံးလုံးဝန်းဝန်းလေးတွေက ဖြစ်ထွန်းလာတာ။ ဒုဓလီစေ့လေးကို ကိုင်၊ တစ်ခုခုကို ဆုတောင်းပြီး အစေ့လေးတွေကို လေထဲကို မှုတ်ထုတ်လိုက်ရင် ရင်ထဲက ဆုတောင်းတွေ ပြည့်တယ်တဲ့။
စက်ဘီးစီးနေရင်း တွေးမိတော့ ရယ်လိုက်မိတယ်။ သူက ယုံတမ်းစကားတွေကို သိပ်ယုံတတ်တော့ သူလုပ်ခိုင်းသလို လုပ်ပြီး ဆုတောင်းခဲ့ရတာလေ။
အခုတော့ ဆုမတောင်းဖြစ်တော့ပါဘူး။ ပြည့်မှ မပြည့်ဘဲကိုး။ အဲလို ပြောရင်လည်း သူက မကြိုက်ဘူး။ ကြုံရင်တော့ သူ့ကို မေးကြည့်ချင်သေးတယ်။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် သူ ဘာဖြစ်လို့ ကျွန်တော့ကို ပြန်မချစ်ရတာလဲလို့ပေါ့။
~
30.07.23
YOU ARE READING
Dandelions Never Lie
Fanfictionဆုတောင်းတိုင်းသာ ပြည့်ခဲ့မယ်ဆိုရင် Start : 30.07.23 End :
