Ring Ring ~!
အဆက်မပြတ်တုန်ခါနေတဲ့ဖုန်းကို သူတချက်လှည့်ကြည့်လိုက်ပြီး ဘေးတဖက်တချက်မှာရှိတဲ့ လူတွေကိုအားနာစွာပြုံးပြမိသည်
“ ကျွန်တော့်ကို ခဏလောက်ခွင့်ပြုပါ ”
ခွင့်တောင်းပြီးသည်နှင့် ဖုန်းကိုကောက်ယူ၍ meeting roomအပြင်ဘက်သို့ထွက်လာခဲ့လိုက်သည် ။
“ ပြောပါ ကြီးကြီး ”
“ ...... ”
“ ထပ်ပြီးတော့လား.. ကျွန်တော်အခုပဲလာခဲ့လိုက်ပါမယ် ”
သူတချက်သက်ပြင်းချ၍ meetingခန်းထဲပြန်ဝင်လာခဲ့၏
“ ဒီနေ့တော့ ဒီလောက်ပါပဲ... ပြပွဲမှာလုပ်မယ့်အကြောင်းအရာတွေအတွက် ကျွန်တော်ထပ်ပြီးအားလုံးကိုအသိပေးပါမယ် ”
“ ဟုတ်ကဲ့ ”
အားလုံးထွက်သွားတော့မှ သူအပေါ်ဝတ်ကိုယူပြီးကားဆီထွက်လာခဲ့၏
ကားပေါ်တက်ခါနီးမှ သူအတွင်းရေးမှုးကိုလှည့်ကြည့်လိုက်ကာ“ အာ.. နေ့လယ်စာအတွက်ဘိုကင်တင်ထားတာ ပြန်ဖျက်လိုက်ပါ ”
“ ဟုတ်ကဲ့ ၊ ”
“ မင်းဒီကနေပဲရုံးဆင်းလိုက်တော့... ငါအခုအိမ်ပြန်မှာမလို့ လိုက်မောင်းပို့စရာမလိုတော့ဘူး ”
“ ဟုတ်ကဲ့ ဆရာ ”
.
“ မဆင်းဘူး မဆင်းဘူး ”
“ ဆင်းလိုက်ပါချန်းနီးရယ်... ကြီးကြီးအောက်ကနေဖမ်းပေးထားပါမယ်ဆို ”
“ ဟင့်အင်း ၊ လွတ်သွားရင်ဘယ်လိုလုပ်မလဲ အောက်ပြုတ်ကျရင်ကျွန်တော်ခြေထောက်ကျိုးမှာ ခြေထောက်ကျိုးရင်လမ်းလျှောက်လို့မရတော့ဘူး လမ်းလျှောက်လို့မရရင်ကိုကို့နောက်လိုက်လို့မရတော့ဘူး ကိုကို့နောက်လိုက်လို့မရရင်တခြားလူတွေကကိုကို့နောက်လိုက်နေမှာ တခြားလူတွေကိုကို့နောက်လိုက်နေရင်ကိုကိုကကျွန်တော့်ကိုမေ့သွားမှာ ကိုကိုကျွန်တော့်ကိုမေ့သွားရင်..”
“ အမလေးး ချန်းနီးကိုယ်လောက်တော့ ကြီးကြီးချီနိုင်ပါတယ် ပြုတ်မကျပါဘူး ”
YOU ARE READING
Attention ( Hiatus )
Fanfictionကိုယ်မှတယုတယမထွေးပွေ့ပေးရင် ကွဲကြေလွယ်သွားမယ့် ရောင်စုံကြွေပန်းအိုးငယ်လေးရယ် ။ ဘယ်လိုထိခိုက်မှုမျိုးမှ မဖြစ်စေချင်တဲ့ အဖြူရောင်ကြွေပန်းအိုးလေးရယ် ။