"လာခဲ့ !,ဆိုင်ကယ်ပေါ်တက် "

အစ်ကိုဖြစ်သူရဲ့အသံကြားမှ နာနာ့အာရုံမှာ နာမည်ကြီးမော်ဒယ်တံဆိပ်ဖြစ်သော အနက်ရောင်ဆိုင်ကယ်အသစ်ဆီ အကြည့်ရောက်သွားလေသည်။ ဆိုင်ကယ်ရဲ့တောက်ပပြောင်လဲ့မှုက မျက်လုံးကျိန်းလောက်အောင် အာရုံကိုဆွဲထားနိုင်စွမ်းရှိ၏။

"အသစ်လား ?, ဘယ်တုန်းကဝယ်လိုက်တာလဲ?"

"အသက်ပြည့်သွားပြီမို့ အမေဝယ်ပေးလိုက်တာ ,လာ !မတက်ဘူးလား?"

နာနာ့လည်းမကျေမနပ်နဲ့ နှုတ်ခမ်းကိုက်ပြီး ပါးဖောင်းအောင်လေမှုတ်သွင်းကာ ဆိုင်ကယ်ပေါ်တက်လိုက်၏။

"မာမီက အရမ်းဘက်လိုက်တာဘဲ, သူများကစကိတ်ဖိနပ်လိုချင်တယ်ပြောတာကြတော့ မဝယ်ပေးဘူး "

"ခဏ , ငါသိထားသလောက် နင်တစ်လတစ်လရတဲ့မုန့်ဖိုးတွေက ငါ့ဆိုင်ကယ်တစ်စီးစာထက်များတာတော့ အမှန်ပဲမဟုတ်ဘူးလား?, ဘာလို့များ ကိုယ့်ဘာသာကိုယ်မဝယ်ရတာလဲ ?"

"ပိုက်ဆံတွေက စုထားတာလေ, လုပ်စရာရှိလို့ ,ရော့!ကိုင်ထားပေး ,လက်ညောင်းတယ်, ရပြီ ,မောင်းတော့!"

"တယ် ဗိုလ်ကျတတ်တာပဲနော်"

"ဟွန့်"

မောင်နှမ၂ယောက် ကျောင်းသို့ရောက်ချိန်တွင် ဝါစင်္ဂပြောသလိုတော့ ကျောင်းဂိတ်မဖွင့်ပေးရလောက်အောင်တော့မဖြစ်သေးပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့၂ယောက်ထက် စောရောက်တဲ့သူတွေ ရှိလို့ပင်။ ကျောင်းသားကျောင်းသူတွေရဲ့ဇွဲကောင်းချက်က ဘယ်နှရက်လောက်ခံမလည်းမသိပေမယ့် နောက်ရက်တွင်ဆို ကျောင်းနောက်ကျလို့ အုတ်တံတိုင်းကျော်ခွပြီးကျောင်းထဲဝင်လာတာ ကျောင်းကြီးကြပ်ရေးမှူးတွေ့လို့ အလံတိုင်ရှေ့မှာ အပြစ်ပေးခံရတဲ့သူတွေရှိသလို စာသင်ချိန်ရောက်မှ အခန်းထဲခိုးဝင်လာလို့ ခေါင်းနဲ့ ဆရာမရဲ့မြေဖြူခဲနဲ့ မိတ်ဆက်ခံခဲ့ရတဲ့ကျောင်းသားတချို့ကိုလည်းတွေ့ရဖူးသည်။

မောင်နှမ၂ယောက်ကျောင်းထဲဝင်လာချိန်တစ်လျှောက်တွင် သူတို့၂ယောက်ရဲ့ ထင်ရှားသောအသွင်ပြင်ကြောင့် ဝိုင်းငေးရတဲ့သူတွေကတော့ ရှိစမြဲ။ ချစ်စရာကောင်းတဲ့ ပေါက်စီလုံးမျက်နှာညီမလေးနဲ့ ခန့်ညားချောမောတဲ့ အစ်ကို့ကြီး ကိုပေါ့။

နတ်ဆိုးကြီးတွေ ငါလေးကို ဝိုင်းလုချင်နေကြတယ်Where stories live. Discover now