Chapter 35

7.9K 318 7
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 35

"မင်းသမီးကဘာပြောလဲ"

သမီးဖြစ်သူရှိတဲ့ဆီကို နေ့လည်ကရောက်လာတဲ့ ကားအကြောင်းမေးပြီးဖုန်းချသွားတယ်ဆို ညအိပ်ခါနီးမို့ ကုတင်ပေါ်ကိုတက်လာရင်းမေးတဲ့ ခင်ပွန်းဖြစ်သူကြောင့်.....

"အင်း သမီးပို့ခိုင်းတာမဖြစ်လောက်ဘူး ရှင့်သမတ်က သူ့မိန်းမမျက်နာရအောင်ပို့ပေးတာဖြစ်မယ်....ဘာလို့ဆို လွင်မေးလိုက်တော့ ကိုယ့်သမီးက ဘာမှသိပုံမပေါ်ဘူး"

"အင်း ကိုယ်ကတော့သမီးအတွက်စိတ်ချမ်းသာတယ်....ကောင်လေးကတကယ်ပဲရစ်မှာထိပ်တန်းရှေ့နေပဲ....ကိုယ်ကဆရာဝန်မို့ သူတို့လောကကိုနားမလည်ပင်မဲ့ သူကအမှန်တရားမြတ်နိုးတဲ့သူဆိုတာ သူရုပ်မှာပေါ်တယ်"

သမတ်ဖြစ်သူကို သဘောကျနေတဲ့ခင်ပွန်းဖြစ်သူကို ကြည့်ရင်းသူမလည်းစိတ်ချမ်းသာရသည်။သူ့သမီးကို သူစိမ်းယောကျာ်းလေးလက်ထဲထည့်ရမှာသိပ်ကြောက်တဲ့သူက အခုတော့ သူသမီးအတွင်စိတ်ချမ်းသာနေသည်။

"အင်း ဆောင်းကလူကသာအများအမြင်မှာသန်မာတာ သူကိုချစ်တဲ့သူတွေအရှေ့ဆို ချွဲချင်တာတို့ ဆိုးချင်တာတို့ပါလာလေရော....အခုတော့ လွင်တို့အစား သားသူ့ ကတာဝန်ပြောင်းယူသွားပြီပေါ့"

"ဟုတ်ပါကွာ နောက်တစ်ပတ်လောက်ကျရင် ကလေးတွေစားဖို့တစ်ခုခုချက်ပြီး ပို့လိုက်ပါဦးလွင်ရာ....အဲ့မှာကမြန်မာအစားစာမရှိဘူးလေ"

"ဟုတ်ပါပြီ ဒေါက်တာရယ် ရှင့်သမီးတော်အကြိုက်ချက်ပြီး ကျွန်တော်မျိူးမပို့ပေးပါ့မယ်"

လွင်စကားကြောင့် သူပြုံးလိုက်ရင် အိပ်ဖို့ပြင်နေခိုက် လွင်ကသူမဘက်ကခုံပေါ်တင်ထားတဲ့ ဆေး နဲ့သောက်ရည်ကို ကမ်းပေးတာကြောင့်သူမှာသောက်လိုက်ရသည်။ဆေးသောက်ပြီး နှစ်သားကျောပေးရင်း ဆရာဝန်မို့အိပ်ရေးပျက်ရက်များတာကြောင့် အိပ်ပျော်သွားကြသည်......။

ဒီနေ့အမှုရုံးချိန်းက သူ့အစား Lucas ကတက်ပေးတာမို့ သူကတော့အိမ်မှာနေရင်း တစ်ခြားသက်သေတွေရှာနေရသည်။ဘာလိုဆို့ Oliver ဆီသူသွားရဦးမှာမို့ပင်။အကြောင်းက H ဆီသွားပြီး ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ကိစ္စကို သွားပြောရမှာကြောင့်ပင်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Donde viven las historias. Descúbrelo ahora