အပိုင်း တစ်

Start from the beginning
                                    

မေမေဟာလည်း ဖေဖေဆုံးပါးသွားထဲကမည်သည့်ယောင်္ကျားသား၏အကူအညီမျှမယူဘဲ ကိုယ့်ဝန်ကိုယ်ထမ်းကာ ကျော့အား သူများတန်းတူကျွေးမွေးစောင့်ရှောက်ပေးသည် သူများအင်္ကျီ၂ထည်ရလျှင် ကျော့မျက်နှာမငယ်ရအောင် မေမေသည်ရှိသမျှပိုက်ဆံကိုစုပြီး ကောင်းမွန်တဲ့င်္အကျီအသစ်တစ်ထည်တော့ ရအောင်ဝယ်ပေးသည်

တခါတလေဆိုင်တွင်အရောင်းအဝယ်မကောင်း၍ စားစရိတ်လျော့ရချိန် ထမင်းမလောက်လဲ မေမေဟာသူဗိုက်ပြည့်ပြီဆိုပြီး ကျော့ကိုအမြဲဦးစားပေးသည်

ကျော့ဟာ ယောင်္ကျားမဆန်ပေမဲ့လည်း မိန်းကလေးမပီသပါ နူးညံ့ခြင်းဆိုသည့်ဝေါဟာရသည် ကျော့ဟူသည့် သူ နှင့် ပြဒါးတစ်လမ်းသံတစ်လမ်းပင်

ငယ်ငယ်ထဲက ယောင်္ကျားလေးများနှင့်တန်းတူ အလုပ်လုပ်ခဲ့သည်

Tennisအထူးပြုဖြင့် ပညာသင်စုရသောကြောင့် ဝါသနာပါရာ ကျောင်းသို့တက်ခွင့်ရခဲ့သည်

ကျော့သည် အင်ဂျင်နီယာသိပ်ဖြစ်ချင်သည် သို့သော်လည်း သူသည် သူတို့အိမ်ဝင်ငွေအခြေအနေသိသောကြောင့် ဝါသနာပါသောဤအရာကိုသာရွေးချယ်ခဲ့သည်

ကျော့သည်ကျောင်းမှာလည်းတစ်ယောက်ထဲသာနေတတ်သည်
ဆူဆူညံညံများမကြိုက်သလို ရောရောနှောနှောလည်းမနေတတ်သောကြောင့် တစ်ယောက်ထဲသာဖြစ်နေတတ်စည်
သို့သော်လည်း အလုပ်ကြိုးစားပြီးလိမ္မာသိတတ်သော ကျော့အား ဆရာဆရာမများကချစ်ခင်ကြစည် ထိုထဲတွင်နည်းပြကြီးလည်းအပါအဝင်ဖြစ်သည်။ ကျော့ဟာတခါတလေ အားရင်အားသလို လက်ဝှေ့ ခြမ်း
ဘက်သွားပြီလည်း သင်ယူသေးသည်

ကျော့မေမေဟာ Tennisကိုရွေးလို့စိတ်မကောင်းဖြစ်နေသော်လည်း သူမ၏သမီးလေး လက်ဝှေ့ဝိုင်းထဲမရောက်နေတာကိုဘဲ ကံကောင်းပါပြီဟုတွေးနေရသည်

ကျော့ဟာလှသည် ခန့်လည်းခန့်သည် အရပ်ကလည်း ဖေဖေမေမေတို့မျိုးရိုးကြောင့် ၅'၈"ဖြင့် ခပ်မိုက်မိုက်တောင့်တောင့်ဖြစ်နေသည် အားကစားသမားမလို့ခန္ဓာကိုယ်ဟာလည်းပြောစရာမလို
အမြဲဆံပင်တိုဖြင့်သာနေသောကျော့ဟာ တခါတလေ အမျိုးသမီးအချို့ကပင် ရင်ခုန်စေသောရုပ်ရည်သွင်ပြင်ဖြစ်ပါသည်

You've reached the end of published parts.

⏰ Last updated: Jul 27, 2023 ⏰

Add this story to your Library to get notified about new parts!

Camellia Is Now Blooming Where stories live. Discover now