အပိုင်း ၁၈

ابدأ من البداية
                                    

နမ်းနေရင်နဲ့ ကားရှေ့ပေါ်သို့ တွန်းလှဲကာ အပေါ်ကနေ အုပ်မိုးနမ်းနေသည်။မင်းမုန်းရဲကားက ကားပါကင်ရဲ့ ထောင့်စွန်းနားမို့ လူသိပ်မလာပေမယ့် အခုလိုဖြစ်ချင်တိုင်းဖြစ်နေတာကိုတော့ အလင်းသစ်မှူး ရှက်မိသည်။

"အွန့်..ဖယ်....အွန့် ပြွတ် "

အလင်းသစ်မှုး အတင်းရုန်းမှဖယ်ပေးလာသည်။

ဖြန်း!

"ခများ..."

"မဟုတ်..."

အလင်းသစ်မှူး လက်အားကြောင်ကြည့်နေမိသည်။

ဘာလို့ရိုက်လိုက်ရတာလဲ...ဘာလို့ရိုက်လိုက်မိတာလဲ!....

အရိုက်ခံရသူက တဖက်လူဖြစ်ပေမယ့် အလင်းသစ်မှူး မျက်ရည်တို့ဝေ့သီလာရသည်။   လက်တို့ကလည်းတုန်ရိနေပြီး မင်းမုန်းရဲအား မော့ကြည့်မိတော့ တောက်တစ်ချက်ခေါက်ကာ လှည့်ထွက်သွားသည်။

ဟင့်အင်း!မသွားပါနဲ့!...

မ...မရည်ရွယ်ပါဘူး!...

အဲ့လိုကြီးမကြည့်ပါနဲ့!...

ပြန်လှည့်လာပေးပါ!...

မှားပါတယ် သူကိုလှည့်ကြည့်ပေးပါ!...

အလင်းသစ်မှူး စိတ်ထဲမှပြောနေပေမယ့် တုန်ရီနေသော နှုတ်ခမ်းတို့က ထိုစကားများထွက်မလာခဲ့ပါ။

ထွက်သွားသော ကျောပြင်လေးကလည်း လှည့်မလာခဲ့ပါ။
.........

မင်းမုန်းရဲ ကားကိုထားခဲ့ကာ ထွက်လာတာမို့ ဆေးရုံဘေးနာက အအေးဆိုင်ဝင်ထိုင်ကာ နိုင်မင်းကိုဖုန်းခေါ်ကာ သူ့ဆိုင်ကယ်ကိုလာပို့ခိုင်းလိုက်သည်။

အအေးမှာထားပေမယ့်လည်း သောက်ချင်စိတ်မရှိတာမို့ ထားထားလိုက်သည်။

"တော်တော် အကြောတင်းတဲ့လူ... "

ပါးတစ်ဖက်အားကိုင်ကာ ပြောလိုက်သည်။ ဒေါသက ဘာလို့မှန်းမသိထွက်နေသည်။ ပါးအရိုက်ခံလိုက်ရလို့လား..အငြင်းခံလိုက်ရလို့လားတော့ မသိပေ။ သေချာကတော့စိတ်ကြည်မနေပါ။

ခနအကြာနိုင်မင်းက ဆိုင်ကယ်နှစ်စီးနဲ့ရောက်လာသည်။ သူဆိုင်ကယ်ကို နိုင်မင်းကစီးလာကာ သူအားဆိုင်ကယ်ပေးကာ နောက်ထပ်တစ်စီးနဲ့ ကောင်လေးမောင်သောဆိုင်ကယ်ပေါ် တပ်လိုက်သွားသည်။

မောင့်အမုန်းတော်ခံ حيث تعيش القصص. اكتشف الآن