Chapter 34

8.4K 389 8
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 34

5 Months Later~~~

ဒီအချိန် 5 လအတွင်း Mine က သူကိုလုပ်ကြံတဲ့သူကို သိသားနဲ့ တမင်မသိတဲ့အတိုင်းထားကာ သူမအမှုနဲ့ပက်သက်တာကိုပဲအာရုံစိုက်ခဲ့သည်။ဆေးရုံမှာရဖြစ်တဲ့လူသေမူနဲ့ပက်သက်ပြီး အမှုသစ်ပြန်စတဲ့အခါ Oliver အပါအဝင် ဆေးရုံတစ်ခုလုံးမှာရှိတဲ့ ဝန်ထမ်းတွေကိုပါ သူမအပေါ်မတရားစွပ်စွဲပြီး ကိုယ်ထိလက်ရောက်လုပ်တဲ့ cctv သက်သေကို Mine ကတင်ပြခဲ့တာကြောင့် အမှုတစ်ပတ်ရင်ဆိုင်တိုင်း ဆေးရုံကဝန်ထမ်းတွေနဲ့ oliver ရုံးချိန်းကိုလာရသည်။

သူ နဲ့ Lucas ဒီအမှုကိုအတူတူဖြေရှင်းနေတာ အခု 5 လနီးပါကြာလာပင်မဲ့ တရားခံကပေါ်မှာလာသေးတာကြောင့်တွေးရခက်နေသည်။အခုလည်း သူမကအိပ်နေပြီး သူကအမှာကြောင့်တွေရင်း ကုတင်ပေါ်မှာခေါင်းအုံးကိုမှီပြီထိုင်နေသည်။

"ဒီအမှုက သတ်တဲ့လူက တစ်ခြားတစ်ယောက်ဆိုရင်တောင် ခိုင်းစေတဲ့သူက Oliver ဆိုတာသေချာပြီ"

အမှုရင်ဆိုင်ရင်း ရလာတဲ့သက်သေတွေနဲ့ ဆေးရုံကဝန်ထမ်းတွေပြောလာတဲ့စကားအရဒီအမှုကသေချာပေါက် Oliver ကိုညွှန်နေတာ။Oliver ကရောသူမနဲ့ဘာရန်ငြိုးရှိလို့လုပ်ရမည်လဲ ။သူစဥ်းစားရင်ဘာကြောင့်လုပ်ရတယ်ဆိုတဲ့အချက်ကိုတွေးမိသွားရသည်။

"Jack ကိုဒုက္ခပေးလို့ မကျေနပ်တာလား....ဟွန်း ဒါတောင် သားလို့လာခေါ်နေတာ တကယ်ကိုစိတ်ပျက်စရာ!"

Mine နှုတ်ကနေအသံတိတ်ရွတ်လိုက်ပင်မဲ့ စကားသံက စိတ်ထဲခံစားမူကပြင်းတာမို့ အသံပါထွက်သွားရသည်။သူစကားသံကနည်းနည်းမြင့်သွားတော့ သူဘေးနားအိပ်နေတဲ့သူမက အနည်းငယ်လှုပ်လာတာကြောင့် သူကိုကျောပေးအိပ်နေတဲ့သူမကျောပြင်လေးကို ပုတ်ပေးလိုက်တော့ပြန်ငြိမ်ကျသွားသည်။

သူငြိမ်ကျသွားတဲ့သူမရဲ့မျက်နာလေးပေါ်ကျနေတဲ့အရှေ့ဆံပင်လေးကို ဖယ်ပေးပြီး နာဖူးလေးကို ငုံနမ်းရင်း သူရဲ့အမှုနဲ့ပက်သက်တဲ့အတွေးတွေကိုဖျောက်ကာ သူမအနောက်မှာ သူမရဲ့ကျောပြင်လေးကို မျက်နာမူလျက်လှဲလိုက်ပြီး သူမခါးလေးကိုဖက်က အိပ်ပျော်အောင်အိပ်လိုက်သည်.......။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now