e.p-18 လုံးလုံးလေး

Start from the beginning
                                    

ရှောင်းကျန့်အရှေ့ကနေတာသွားနေတာနောက်ကလိုက်လာတဲ့ခြေသံမကြားတာကြောင့်လှည့်ကြည့်လိုက်တော့ ကိုယ်တော်လေးက ပါမလာပြန်ဘူး။တကယ်ပါပဲ ဘာတွေ လုပ်နေပြန်ပြီလဲမသိဘူး။
နောက်ကလိုက်မလာတဲ့ဝမ်ရိပေါ်ကြောင့်
ရှောင်းကျန့် တို့အော်ခေါ်ရတောမည်ဖြစ်သည်။တကယ်ကို အလုပ်ရှုပ် တဲ့ ခွေးပေါက်လေးပါပဲ။

"ဝမ်ရိပေါ် !!!!!!!!!မင်းအခုထိထွက်မလာသေးဘူးလား!!!!!!!!!!"

ဝမ်ရိပေါ်အခန်းထဲမှာရှောင်းကျန့်ရဲ့ဖင်ကိုပစ်မှားနေတုန်းနာမည်ခေါ်ခံလိုက်ရတာကြောင့်လန့်ကာ တစ်ချက်တုန်သွားပြီး အခန်းထဲမှ
ကတမ်းကရမ်း ထွက်ကာ တုပ်ခြေတင် ရှောင်းကျန့် နား တန်းနေအောင် ပြေးတော့သည်။

မပြေးလို့လဲမရတော့ပါဘူး။အသံကုန်အော်ပုံထောက်ရင်အဲ့တာ ရာဇဒဏ်ပဲ နောက်ခေါက်ထပ်အော်ရရင် အပစ်ပေးခံရတော့မှာ။ဘယ်လို အပစ်ပေးခံရလဲဆိုတော့ နံရံဖက်ကိုမျက်နှာလှည့် လက်မြောက် ဒူးထောက်ပြီးအပစ်ပေးတာ သူစိတ်ဆိုး မပြေ မချင်အဲ့လိုနေရတာ။ရှောင်းကျန့်ကဆိုး တယ်နော် ဒါပင်မဲ့ကျွန်တော်ကတော့ကြိုက်တယ်။

"gegeရောက်ပါပြီ"

ရှောင်းကျန့်ထမင်းစားခန်းထဲပြုံးစိစိနဲ့ဝင်လာတဲ့ဝမ်ရိပေါ်ကြောင့် မျက်မှောင်ကြုတ် ပြီးကြည့်လိုက်ကာ

"ဘာတွေလုပ်နေလို့ လိုက်မလာတာလဲ"

ဝမ်ရိပေါ်တို့ဖြေရခက်ချေပြီ အခုနေ'gegeရဲ့ တင်ဘယ်လောက်ကိုင်လို့ကိုင်လဲစဥ်းစားနေတာ' လို့ပြောလို့လဲမရ။ပြောရလဲမပြောပါဘူး။ရှောင်းကျန့် ရဲ့အသံမှာ အလိုမကျမှုများပါဝင်နေကာ တစ်ချက်ကလေးမှားဖြေလိုက်တာနဲ့ နံရံနားသွားဒူးထောက်လက်မြောက်ရမှာပင်။

"ဝမ်....ရိ....ပေါ်....မေးနေတာမဖြေဘဲဘာတွေစဥ်းစားနေတာလဲ...ပါးစပ်မပါဘူးလား"

ဝမ်ရိပေါ်စဥ်းစားနေတုန်မှာပင် နာမည်ကိုတစ်လုံးချင်ခေါ်ကာ ထပ်ပြောလာတဲ့ရှောင်းကျန့်ကြောင့် ဇောချွေးများပင်ပြန်လာရတော့သည်။တကယ်ပဲဘယ်လိုပြောရမလဲ။
ဒီချိန်ဆိုစောက် ဦးနှောက်ကသုံးစားမရတော့ဘူး။အားကုန်သွားပြီးလားမသိဘူး။
ဝမ်ရိပေါ်မျက်လုံးများက ဂနာမငြိမ် ဖြစ်နေကာတောင်ကြည့်လိုက်  မြောက်ကြည့်လိုက် စဥ်းစားရကျပ်နေသလို ရှောင်းကျန့်ရဲ့အကြည့်စူးစူးကြောင့်လဲ ကျောကုန်း တွေမှာလဲ ချွေး တွေစို့နေပြီဖြစ်သည်။

 My  Warlock (Completed)Where stories live. Discover now