Happy birthday Wang💚 Unicode

4.7K 234 15
                                    

2.8.2023

" သခင်လေး ထပါတော့ဗျ မနက်စာစားချိန်ပါ သခင်လေးခဗျ သခင်လေး! "

" ဘယ်ကောင်အော်နေတာလဲ မင်းပထွေးအိပ်နေတာကန်းနေလား ဆက်နှိုးနေရင် မင်းကိုငါအလုပ်ဖြုတ်မှာ "

နှိုးနေသော ကောင်လေးအား လက်ပြကာ သူ၏သားတော်မောင်အား ကိုယ်တိုင်နှိုးရန်သာပြင်ဆင်လိုက်တော့သည်။

" သား ထတော့လေ ဒီနေ့ သားကိုလာတွေ့မယ့်သူရှိတယ်လေ "

" သားမိန်းမတေကိုစိတ်မဝင်စားတာကို လက်တွေ့ပြမှယုံမှာလား ပါးရာ "

" သား မင်းကမိန်းမမယူတော့ ဘာယူမလို့လဲ "

" ပါး သူငယ်ချင်း "

" ဟမ် ဘာ ဝမ်ရိပေါ်! "

" သား ဦးငယ်ကိုဘယ်လောက်ကြွေကျနေလဲ ပါးမသိတာကြနေတယ် "

" ဝမ်ရိပေါ် ရှောင်းကျန့်က မင်းထက် ၁၅နှစ်တောင်ကြီးတယ်လေ "

" အသက်အရွယ်ကဂဏန်းတစ်ခုပါပဲ ပါးရယ် "

" တိတ်စမ်း ဘာပဲဖြစ်ဖြစ် မင်း‌ စေ့စပ်ရမယ် ခုလာတွေ့မယ့်ကောင်မလေးကိုဆင်းတွေ့ဖို့ပြင် "

" ဦးငယ်ရောက်လာရင်စိတ်တစ်မျိုးပြောင်းနိုင်တယ်နော် ဟွန့် အဲ့တာပဲ ပါး သိထား "

" ခွေးပေါက်လေး "

" ဟာ ဦးငယ် "

" ဟိတ်ကောင် ရှောင်းကျန့် မင်းကဘာလာလုပ်တာလဲ "

ရိပေါ်လူးလိမ့်ကာ သူ၏ပါးအားစကားပြောနေစဉ် သူ၏ဦးငယ်ထံမှ ခေါ်နေကြခေါ်သံလေးကြောင့် ချက်ချင်းထထိုင်လိုက်သည်။

ရိပေါ်၏ဖခင်ဖြစ်သူ ဝမ်လိရိသည် ရှောင်းကျန့်အားလှမ်းအော်လိုက်သည်မို့ ရှောင်းကျန့်ကြောင်သွားရသည်။

" မင်းကလည်းကွာ အလန့်တကြား ဘာဖြစ်ရတာတုန်း ငါအရင်လည်းမင်းဆီလာနေကြလေ "

" ငါ့သားအခန်းထိမင်းလာဖူးလို့လား "

" ဟာ မင်းကိုမတွေ့လို့တက်လာတာလေကွာ ပြဿနာရှိလို့လား "

" အေးရှိတယ် မင်းပြန်တော့ ငါမင်းဆီကိုဖုန်းဆက်လိုက်မယ် "

" ဟ ဝမ်လိရိ ငါမင်းဆီကို company အကြောင်းဆွေးနွေးဖို့လာတာနော် "

U Nge ရဲ့ခွေးပေါက်လေး{ Complete✓ }Where stories live. Discover now