အခန်း 41

Start from the beginning
                                    

"ချမ်းလေး!!"

ခေါ်သံတွေနဲ့အတူ ချမ်း ကိုယ်ပေါ် မီးရောင်တွေဖြာကျလာသည်။ဒေါ်မေမီ၊ဦးကောင်းမြတ်နဲ့ အိမ်ရှိ အလုပ်သမားနှစ်ဦး သုံးဦးက အမှောင်ထဲ ငုတ်တုတ်လေးထိုင်နေသည့် ချမ်း ဘေးနားရောက်လာကြသည်။

"ချမ်းလေး...ဘာလုပ်နေတာလဲ...ထ.."

ဒေါ်မေမီက ပြောပြီး ချမ်းကိုယ်လေးကိုဆွဲလာသည်။ချမ်း မာမီ့ကို မော့ကြည့်လိုက်ပေမဲ့ မျက်ရည်တွေရစ်သိုင်းနေသည့် မျက်လုံးအစုံကြောင့် သဲသဲကွဲကွဲမမြင်ရပေ။

"သား...ဒီနေရာမှာ ဘာလုပ်နေတာလည်းကွာ...အေးနေပြီ"

ဦးကောင်းမြတ်က သားဖြစ်သူကို စိုးရိမ်စွာပြောရင်း ကိုယ်ပေါ်ဝတ်ထားသည့် အင်ကျီလက်ရှည်ကို ချွတ်ကာ ချမ်း ပခုံးပေါ်ခြုံလွှမ်းပေးသည်။ဒေါ်မေမီ သူမအိပ်ရာဝင်ခါနီးမှ သားဖြစ်သူ ကို ကြည့်ရန် အခန်းတံခါးခေါက်ကြည့်တော့မှ ချမ်း အခန်းထဲမရှိမှန်းသိသွားတာဖြစ်သည်။‌ဟိုကောင်လေးများ သူမ သားလေးကို ထပ်ခိုးပြေးသွားပြန်ပြီလားဟု ဒေါ်မေမီ ထူပူကာ ယော်ကျားဖြစ်သူခေါ်ပြီး သား ရှာပုံတော် ဖွင့်တော့သည်။

ချမ်းက ဘာမှမပြောဘဲ တိတ်ဆိတ်စွာပင် ဒေါ်မေမီဆွဲခေါ်ရာနောက်သို့ လိုက်ပါလာသည်။မောင်က သူမဟုတ်တဲ့တခြားတစ်ယောက်နဲ့ ဒီလိုတွေ လုပ်နေပါသည်ဟု မာမီတို့ကို ဖွင့်ပြောပြလျှင်တောင် မာမီ တို့က သူ့ကိုနှစ်သိမ့်ပေးမည်မဟုတ်ပေ။မာမီ တို့ ဝမ်းသာနေမည် မဟုတ်ဘူးလား။ချမ်း အားကိုရာမဲ့နေသလို ခံစားရသည်။

"ချမ်းလေး...နောက်ခါ အပြင်ထွက်မယ်ဆို မာမီတို့ကိုပြောပြီးမှထွက်....တစ်ယောက်တည်း စိတ်ထင်ရာလုပ်မနေစမ်းနဲ့..မင်း ကလေး မဟုတ်တော့ဘူးနော်"

ဒေါ်မေမီက သားဖြစ်သူကို စိုးရိမ်စိတ်ဖြင့်မကျေမနပ်ဆူပူသည်။ချမ်းက ဘာတုံ့ပြန်မှုမှ မရှိဘဲ အိပ်ယာပေါ်တွင်သာ ဒူလေးပိုက်ပြီး တိတ်တဆိတ်ထိုင်နေသည်။မောင် ကတိမတည်ဘူး။ဒီည ချမ်းနားလာမယ် ဆိုပြီးမလာဘူး။ပြီးတော့ ချမ်း တစ်ယောက်တည်းကိုပဲ ချစ်တာဆိုပြီး တခြားမိန်းမတစ်ယောက်နဲ့တွဲတယ်။

Falling In Love With My Husband.Where stories live. Discover now