အခန်း 41

Start from the beginning
                                    

မြတ်ကို စကားကြောင့် ချမ်း မျက်ခုံးလေးကျုံ့သည်။

"ဘာပုံတွေ လဲ"

ဘာမှ သိပုံမရသေးသည့် ချမ်း ကြောင့် မြတ်ကို ခေါင်းသာယမ်းမိတော့သည်။နောက်ကျရလည်း သိမှာချင်းအတူတူ စောစောသိတော့ အေးတာပေါ့။သူ တောင်မြင်မြင်ချင်း ရှော့ခ်ရသွားသည်။editလား သေချာစစ်ကြည့်ပေမဲ့ ပုံတွေက တကယ့်အစစ်အမှန်ဖြစ်သည်။

"ငါ linkပို့လိုက်မယ် မင်း cb တစ်ချက် စစ်ကြည့်လိုက်"

"အင်း"

မြတ်ကိုက ပြောပြီးပြီးချင်း ဖုန်းချသွားသည်မို့ ချမ်း data onက message boxထဲဝင်ကြည့်လိုက်သည်။မြတ်ကို ပို့လာသည် linkက တောင်ခနဲ ချက်ချင်းရောက်လာသည်။ချမ်း ဝင်ကြည့်လိုက်တော့ မြင်လိုက်ရသည့် ပုံတွေကြောင့် မယုံနိုင်သလို မျက်လုံးလေးတွေ ဝိုင်းကာ ဖုန်းကိုင်ထားသည့် လက်က မသိမသာတုန်ယင်လာသည်။

မဖြစ်..မဖြစ်နိုင်တာ။မောင်က ဘယ်လိုလုပ်ပြီးတော့..ဒီလို။ချမ်း မဖြစ်နိုင်ဘူး ဟု စိတ်ထဲက ဆိုနေမိပေမဲ့  မောင့်ကိုမိန်းမတစ်ယောက်နဲ့ ပူးကပ်မြင်လိုက်ရသည်မို့ ရင်ဘတ်ထဲက ဓားချွန်နဲ့ထိုးစိုက်ခံရသလို စူးခနဲနာကျင်လာသည်။The Sunရဲ့မြေးငယ်ဖြစ်သည့် နေမင်းတာရာသည် သူ့ချစ်သူကောင်မလေးဟု ထင်ရသည့် မိန်းကလေးတစ်ယောက်နဲ့ လူမြင်ကွင်းတွင် အနမ်းများဝေ.....စသည့် သတင်းစာသားများနဲ့အတူ မောင်နဲ့ဆူးငယ်ပုံတို့က အထင်အရှား။

ချမ်း မငိုပါဘဲနဲ့ မျက်ရည်တို့က တလိမ့်လိမ့်ဆင်းကျလာသည်။ဆူးငယ်..ဆူးငယ်ချိူနဲ့မောင်က။ဟင့်အင်း...မဖြစ်နိုင်ဘူး။ဟိုတစ်ခါပါတီပွဲက ပုံတွေတက်လာတုန်းကလည်း နေနဲ့ဆူးငယ်ရဲ့ သတင်းက သို့လောသို့လောဖြစ်ခဲ့သေးသည်။

ချမ်း မျက်ရည်တွေက သူ့အလိုလိုတလိမ့်လိမ့်စီးကျနေကာ ရင်ဘတ်ထဲက နာကျင်သည့် ခံစားချက်ကြောင့် တစ်ကိုယ်လုံး တုန်ယင်ကာ မတ်တပ်ရပ်ဖို့တောင် အားမရှိတော့။ချမ်း လမ်းမဘေးတွင်ပင် ငုတ်တုတ်လေးထိုင်ချမိသည်။မဖြစ်နိုင်ဘူး...မောင်က ချမ်းကို ချစ်တယ်လေ။ချမ်း မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ မောင်..အဲလို..အဲလို လုပ်မှာ မဟုတ်ဘူး။ချမ်း မဟုတ်ဘူးဟု အကြိမ်ကြိမ်အခါခါငြင်းမိနေပေမဲ့ မျက်စိရှေ့မြင်နေရသည့် ပုံတွေက ချမ်း မငြင်းနိုင်အောင် သက်သေပြနေသည်။

Falling In Love With My Husband.Where stories live. Discover now