“ဝိုး . . .”

အဆင့် ၆၅ စိတ်ဝိဉာဉ်အရှင်သခင်အဆင့် ရဲ့ နောက်လိုက် စိတ်ဝိဉာဉ်ပညာရှင်တွေက ယန်ချီရဲ့ စကားကို ကြားတဲ့အခါ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ရတယ်။

“သတ်စမ်းကွာ ”

အဆင့် ၆၅ စိတ်ဝိဉာဉ်အရှင်သခင်အဆင့် က ဒေါသတွေ အလိမ့်လိမ့် ထွက်ခဲ့ပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်တယ်။

အဆင့် ၆၅ စိတ်ဝိဉာဉ်အရှင်သခင်အဆင့် ရဲ့ အမိန့်ကို ကြားတော့ စိတ်ဝိဉာဉ်ပညာရှင်တွေကလည်း ယန်ချီဆီကို ပြေးဝင်သွားခဲ့တယ်။

ပြေးဝင်လာတဲ့ စိတ်ဝိဉာဉ်ပညာရှင်တွေကို ကြည့်ပြီး ယန်ချီက ဒီလူတွေတော့ မကြာခင်မှာ သေရတော့မယ်လို့ တွေးလိုက်မိတယ်။

“ဝှစ် ဝှစ် ”

ယန်ချီက လက်ထဲမှာ ကိုင်ထားတဲ့ ဓါးသွားတစ်ထောင် မှော်ဓါးကို ကြိမ်ဖန်များစွာ ဝှေ့ယမ်းတိုက်ခိုက်လိုက်တယ်။

ရုတ်တရက် ဓါးသွားတစ်ထောင်မှော်ဓါးဆီကနေ ကြောက်မက်ဖွယ်ကောင်းတဲ့ ဓါးအလင်းတွေ ထွက်ပေါ်လာခဲ့တယ်။

“အား .. . . ”

အဲ့ဒီ စိတ်ဝိဉာဉ်ပညာရှင်တွေက ဒီလို ကြောက်မက်ဖွယ် ကောင်းတဲ့ တိုက်ခိုက်မှုကနေ ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာလဲ။

ချက်ချင်းပင် စိတ်ဝိဉာဉ်ပညာရှင်တွေအားလုံး သေဆုံးသွားခဲ့ကြတယ်။

ခြောက်ခြားဖွယ်ကောင်းစွာ သေဆုံးနေတဲ့ စိတ်ဝိဉာဉ် ပညာရှင်တွေရဲ့ အလောင်းကို ကြည်ပြီး ယန်ချီက ခေါင်းခါပြီး ပြောလိုက်တယ်။

“ဒီလူတွေကို သတ်ဖို့ အချိန် တစ်စက္ကန့်ပဲ လိုတယ်လို့ ငါပြောခဲ့ပေမဲ့ ကြည့်ရတာ မှားသွားပုံပဲ”

သူ့အနေနဲ့ ဒီစိတ်ဝိဉာဉ်ပညာရှင်တွေက အားနည်းတယ်ဆိုတာ တွေးထားခဲ့ပေမဲ့လည်း သူတွေးထားတာထက်ပိုပြီး အားနည်းနေလိမ့်မယ်လို့ မထင်မိပါဘူး။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး သူလည်းဘာမှ မတက်နိုင်ပါဘူး။

ဒါပေမဲ့လည်း အဆင့် ၆၅ စိတ်ဝိဉာဉ်အရှင်သခင်အဆင့် ကတော့ နေရာမှာတင် ကျောက်ရုပ်အလား ဖြစ်နေခဲ့ပြီး အချိန်အတော်ကြာတဲ့အထိ သတိပြန်မဝင်လာသေးပါဘူး။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now