အမှောင်ထုတစ်ခု၏အလည်ထဲသို့ရောက်နေသောခံစားချက်ကား လူကိုခြောက်ခြားမှုအပြည့်ဖြစ်စေသည် ပို၍ကြောက်ဖို့ကောင်းသည်က ဤနေရာကားကျနော်မသိသောနေရာ လမ်းမရှိသောနေရာ မဟုတ်မှ ကျနော် တွင်းနက်ကြီးတစ်ခုထဲသို့ပြုတ်ကျနေတာများလား
ဘေးပတ်ပတ်လည်မှာလဲ အမှောင်ထုကြီးကဝန်းရံထားသေးသည် အမှောင်ကြောက်တတ်သည်ကျနော့်အတွက်တော့
အော်ဖို့ပင် မတတ်နိုင်တော့လောက်သည်ထိပင် အသက်ရှုပါကျပ်လာရသည် ဒါဘာတွေဖြစ်နေတာလဲ
ကျတော်မျက်ရည်တွေသာ တစ်သွင်သွင်စီးကျဖို့တတ်နိုင်ပါတော့သည်
" ယောင်းငယ် ကို့ဆီပြန်လာပေးပါ
ယောင်းငယ် ကို့ဆီပြန်လာခဲ့ပါ ယောင်းငယ် "
အမှောင်ထုအတွင်းမှ ယောက်ကျားတစ်ဦး၏ ငိုယိုအော်ခေါ်သံကြောင့် အသံလားရာဘက်သို့ ဆန်းတဝါးဝါးလျှောက်မိတော့ ထိုအချိန်မှာ လရောင်အောက်တွင် လဲကျနေသောအမျိုးသားတစ်ဦးကို
နောက်အမျိုးသားတစ်ဦးက ဖတ်ထား၍ငိုနေတာကိုမြင်လိုက်ရသည်
လဲနေသော အမျိုးသား၏ရင်ဘတ်တွင်မျှားတစ်ခုစိုက်ဝင်နေတာကို တွေ့လိုက်ရတော့ ကျနော်ထိုသူ့အနားသို့ တရွေးရွေ့လျှောက်သွားတဲ့ချိန်မှာတွေ့လိုက်ရသည်က မျှားပစ်ခံထားရသူမှာကျနော်ပင်
" ငါ ငါသေနေတာလား မဟုတ်ဘူး မဟုတ်ဘူးးး မဟုတ်ဘူးးးး"
အိပ်ယာထဲတွင် ချွေးအလိပ်လိပ်နှင့် လွန့်လူးကာ ကြောက်လန့်တကြားအော်သံကြောင့် ဘေးမှအိပ်နေသူပါ လန့်နိုးခဲ့ရသည်
" ထယ်ယောင်း သတိထားအုန်းလေ ထယ်ယောင်း "
လှုပ်နှိုးပေးသူ၏ကျေးဇူးကြောင့် ဆိုးရွားသည့်အိမ်မက်ထဲမှ ထပ်မံရုန်းထွက်နိုင်ခဲ့ပါသည် ဤအိမ်မက်က အကြိမ်တစ်ရာမက မက်ခဲ့ပေမယ့် တစ်ခါမက်တိုင်း တစ်ခါကြောက်ရတုန်းပင် ၊ ရင်တုန်နေတာက နိုးလာတဲ့ထိမပျောက်နိုင်သေး
" ရေသောက်လိုက်အုန်း ထယ်ယောင်း အဲ့အိမ်မက်ထပ်မက်ပြန်နေပီလား ဒီရက်ပိုင်းအလုပ်ထဲမှာအဆင်မပြေဘူးလား "
" ပြေပါတယ်အကိုရာ သရဲကားကြည့်တာများသွားလို့ဖြစ်မယ် တောင်းပန်ပါတယ် ကျနော့်ကြောင့်အိပ်ရေးပျက်ရလို့ "
KAMU SEDANG MEMBACA
ALL LIFE
Acakကျုပ် ဘုရင်မင်းမြတ်တစ်ယောက်ဖြစ်ပါတယ် ရွေလား ၊ ငွေလား ၊ ကျောက်မြတ်ရတနာလား ကျုပ်အတွက်အလျှံပါယ်ပေါ့ တိုင်းပြည်က အရာအားလုံးဟာ ကျုပ်လက်အောက်မှာပင် ကျုပ်သေလို့ မိန့်တာနဲ့ လည်ပင်းပေါ် ဓားတင်မည့်သူများလဲ ရှိနေခဲ့သည် ကျုပ်က အပျော်လိုချင်သည်ပြောလျှင်လည်...
