6) ကောင်းယံနဲ့ အရှင့်သားလုံးဝပြန်မတွေ့တာမဟုတ်ဘူးနော်။ ကောင်းယံချော်လဲတုန်းက အရှင့်သားနဲ့ အိပ်မက်လိုလိုတွေ့ဆုံခဲ့ကြပါတယ် ပွေ့ဖက်ခဲ့ကြပါတယ် အများစုက သတိမပြုမိကြဘူးထင်ပါတယ်။ ဘာကြောင့်လူအကောင်လိုက် ပြန်လို့မရသလဲဆိုတာကတော့ Facebook Post မှာ ရှင်းပြထားပါတယ်။

7) ချိုရည့်ရဲ့ဇတ်အိမ်တွေက ပုံစံတစ်မျိုးဖြစ်ပါတယ်။ ဒီလိုဖြစ်လော​က်တယ် ၊ ဒီလိုဖြစ်သင့်တယ်လို့ ထင်ကြပေမယ့် ချိုရည့်အတွေးကတော့ များသောအားဖြင့်ထပ်တူမကျလို့ အများ တွေးမထင်ထားတဲ့အတိုင်း ဖြစ်သွားတတ်ပါတယ်။ ဒါပေမဲ့ ဇတ်လမ်းတစ်ခုရဲ့အဆုံးသတ်ကို ဘယ်လိုသိမ်းမလဲဆိုတာကို အစကတည်းက ပုံစံချခဲ့ပြီး ဘာကြောင့်နဲ့မှ မပြောင်းတတ်တာမို့ စိတ်တိုင်းမကျသူတွေရှိကောင်းရှိမှာပါ။

8) အဆုံးသတ်အနေနဲ့ကတော့ S2 လေးက ဘယ်လိုဇတ်အိမ်လေးနဲ့ ရောက်ရှိလာခဲ့မလဲဆိုတာ စောင့်ကြည့်ပေးပါ၊ ဥာဏ်စွမ်းရှိသရွေ့ ဖန်တီးတင်ဆက်ပေးပါမယ်။

ဒီနေ့ ဒီနေရာ ဒီစာအဆုံးမှာတော့
မိုခီတာရဲ့ ရှင်ဘုရင် အိုင်းဆက်ဟာရိုးကန်းထရစ် (Duke Of Viscount) နဲ့ သူ့ရဲ့ကြင်ယာတော်ဖြစ်တဲ့ မင်းသစ်ကောင်းယံ@Kingsley (Duchess Of Viscount) ကို နှုတ်ဆက်လိုက်ပါဦးရှင်။

အရှင့်သားနဲ့ကောင်းယံက ဖတ်ရှုသူတွေရဲ့ နှလုံးသားတစ်နေရာမှာ နေရာလေးတခုတော့ ယူထားနိုင်မယ်လို့ ထင်မြင်မိပါတယ်။ Physical Book ကို တောင်းဆိုလာကြပေမယ့် အစ်မအချိန်ယူပါရစေ။ ခရီးသွားရမှာမို့ Social ခဏနားမလို့ပါ။ လာကမ်းပေးကြလို့ကျေးဇူးတင်ပြီး ထုတ်တော့မယ်လို့ဆုံးဖြတ်ချိန်ကြရင် အဆင်ပြေဆုံးလို့ထင်မယ့် စာအုပ်တိုက်လေးကို စာဖတ်သူတို့အတွက် ရွေးချယ်ပေး​ပါမယ်ရှင်။

ကျေးဇူးတင်ပါတယ် 🙇‍♀️

Zawgyi



𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now