Chapter 31

9K 391 12
                                    

👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 31

"သူ့စေရာ ကျွန်မဘာမှမမြင်ရတော့ဘူး"

သူမမျက်လုံးလေးကို တာဝါနားရောက်တယ်ဆို ဖဲကြိုးလေးနဲ့စည်းလိုက်တာကြောင့် သူမဆီကအသံလေးထွက်လာသည်။မမြင်ရအောင် မျက်လုံးကိုစည်းပါတယ်ဆိုမှ သူမကမြင်ချင်သေးလို့လား။

"ကိုယ့်ကိုယုံကြည်ထားလိုက် မင်းဘေးနားကိုယ်ရှိနေသ၍ မင်းထိခိုက်တာမဖြစ်စေရဘူး"

ဆိုကာ လမ်းလျှောက်လာရင်း သူစီစဥ်ထားတဲ့နေရာရောက်တယ်ဆို သူမကိုကောက်ပွေ့လိုက်ရင်း H လုပ်ပေးထားတဲ့ အပျော်စီးသင်္ဘာပေါ်ကို တက်လိုက်သည်။သင်္ဘောကတစ်ညလုံးအတွက်ငှားထားတာမို့ သူတို့တစ်ညလုံးဒီသင်္ဘောပေါ်မှာဖြတ်သန်းကြမှာပင်။Seine မြစ်ထဲမှာ သူတို့ရဲ့ 4လပြည့်အတွက်သူစီစဥ်ထားခြင်းပင်။paris ဆိုတာက ချစ်သူတွေအတွက် romantic ဆန်တဲ့မြို့ဆိုတာငြင်းမရပေ။

သူမကို ပွေ့ကာသင်္ဘောအရှေ့ပိုင်းကိုခေါ်သွားပြီး သူမချပေးသေးပဲ H ကိုထွက်လို့ရပြီဆိုတာကိုအချက်ပြလိုက်သည်။သူအချက်ပြတယ်ဆို H ကလည်း သင်္ဘောကို ဆိုက်ထားတဲ့နေရာကနေခွာလိုက်တော့သည်။

ဆောင်း သူမမျက်လုံးမမြင်ရပင်မဲ့ ခံစားနေရတဲ့ လေအေးအေးတွေရဲ့အထိအတွေ့တွေ နဲ့ အခုထိသူမကို အောက်ကိုမချသေးတဲ့သူကြောင့်....

"သူ့စေရာ ကျွန်မကိုအောက်ချပေးတော့ ရှင်မညောင်းဘူးလား"

သူမ​စိတ်ဆိုးသလိုပြောလာတယ်ဆို သူမကိုသင်္ဘောပေါ်ချပေးလိုက်တယ်ဆို သူမက လှုပ်သွားတဲ့သင်္ဘောကြောင့်လန့်သွားတယ်ထင်သည်။သူလက်ကိုအတင်းကိုင်လာတဲ့သူမလက်လေးတွေကြောင့်....

"ရှင် ကျွန်မကိုဘယ်ကိုခေါ်လာတာလဲ"

"မြစ်ထဲကိုလေ....လာကိုမျက်လုံးစည်းပဝါကိုဖြည်ပေးမယ်"

သူမမေးတာကိုဖြေရင်း သူမမျက်လုံးမှာအုပ်ထားတဲ့ ဖဲကြိုးလေးကိုလည်း သူ​ဖြည်ပေးလိုက်တော့ သူမမျက်လုံးလေးပွင့်ကာ မြစ်ထဲကနေ paris မြို့အလှအပကိုကြည့်နေသည်။ညနေမှောင်ခါနီးမို့ ထိန်လင်းနေတဲ့ Eifel Tower ကလည်းတကယ်ကို ကြည့်ရတာ သဘောကျစရာပင်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Donde viven las historias. Descúbrelo ahora