အပိုင်း (၆) Unicode

Comenzar desde el principio
                                    

သွမ့်လင်က လုရှိုးဝမ်စကားလွန်သွားပြီး လျိုရိက သူ့အကြောင်းအမှန်ကို သိရှိသွားမည်စိုး၍ ချောင်းအနည်းငယ်ဟန့်ကာ တားလိုက်သည်။ သို့သော် လျိုရိက ရိပ်မိဟန်မတူဘဲ ခေါင်းညိတ်ကာ ထောက်ခံလိုက်၏။

"ကျွန်တော့်ဆရာသခင်ကလည်း အဲဒီအကြံအစည်ကိုပဲ စိုးရိမ်နေခဲ့တာရယ်။ အဲဒါကြောင့် ကျွန်တော်တို့ညီအစ်ကိုတွေကို လော့ယန်မှာကျင်းပမယ့် သိုင်းပညာဖလှယ်ပွဲကိုသွားဖို့ လွှတ်ခဲ့တာ။ မထင်မှတ်ပဲ လမ်းတစ်ဝက်မှာတင်...."

လျိုရိက တခဏဝမ်းနည်းအားငယ်သွားသော်လည်း သိပ်မကြာမီပြန်လည်တက်ကြွလာသည်။ သူကပြော၏။

"ညီအစ်ကိုတွေက အခုလိုမျိုးကြုံလိုက်ရတော့ ကျွန်တော့်အနေနဲ့ ပိုလို့တောင်အရောက်သွားရဦးမယ်။ အစ်ကိုကြီးသွမ့်ရော အတူလိုက်ခဲ့မလား။"

သွမ့်လင်က ယခုလများအတွင်း လုညီအစ်ကိုနှင့်သာအလုပ်ရှုပ်နေခဲ့ပြီး သိုင်းလောကအတွင်းဖြစ်ပျက်နေသည်များကို လျစ်လျူရှုထားခဲ့မိသည်။ ယခုလို မိစ္ဆာဂိုဏ်းကဖန်တီးသည့် ဘေးဥပါဒ်နှင့်ကြုံလာချိန်တွင် သူ့အနေဖြင့် လက်ပိုက်ကြည့်မနေနိုင်ပေ။ သို့သော် ....

သူက လုရှိုးဝမ်ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။

"ငါ့မှာ တခြားကိစ္စရှိသေးတယ်။ အဲဒီကိစ္စပြီးမှ လော့ယန်ကိုသွားရင်လည်း နောက်မကျကောင်းပါဘူး။"

လျိုရိက သူနှင့်ရင်းနှီးနေပြီးဖြစ်၍ မသင့်တော်မည်ကိုမတွေးတော့ဘဲ တိုက်ရိုက်မေးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ အစ်ကိုကြီးသွမ့်။ ကျွန်တော့်သိုင်းအတတ်က မမြင့်ပေမဲ့လို့ ဆရာသခင်ပေးထားတဲ့ ရတနာဓားကအတူပါလာတော့ ကူညီပေးလို့ရနိုင်မယ်ထင်တယ်။"

သွမ့်လင်က သူ့ကို လုရှိုးဝမ်နှင့် တစ်လမ်းလုံးအတူရှိခွင့်မပေးရဲသဖြင့် ယဥ်ယဥ်ကျေးကျေးငြင်းဆိုရန်ပြင်လိုက်ချိန်တွင် လုရှိုးဝမ်၏စကားကိုကြားလိုက်ရသည်။

"ညီလေးလျိုရဲ့ခြေထောက်ကလည်း ဒဏ်ရာရထားတော့ လော့ယန်ကို တစ်ယောက်တည်းသွားဖို့မသင့်တော်ဘူး။ ငါတို့နဲ့အရင်လိုက်ခဲ့ပါလား။"

ကျိုးပဲ့သစ်ကိုင်းငယ်Donde viven las historias. Descúbrelo ahora