Part 334,335,336,337,338,339,340

Start from the beginning
                                    

နာ့စ်က ရိုသေစွာဖြေလာသည်၊ "မစ္စတာရှီးက ခုနကထိရှိနေသေးပေမဲ့ ဖုန်းတစ်ကောလ် ဝင်လာလို့ထွက်သွားပါတယ်။ ဒီတလော ဒီမှာပဲ သူနေပြီး မစ္စရှနိုးလာတာကို စောင့်နေခဲ့တာပါ"

ရှင်းဟယ်က ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလာသည်။ "ကျွန်မအတွက် လဲဖို့အဝတ်ပြင်ပေးနိုင်မလား၊ ကျွန်မရေချိုးချင်လို့"

"ကောင်းပါပြီ..." နာ့စ်က ပြင်ဆင်ရန်ထွက်သွားသော်လည်း ချီတုံချတုံဖြင့်ပြန်လှည့်လာသည်။

"မစ္စရှ၊ မစ္စရှက အခုမှနိုးလာတာဆိုတော့ အားအင်တွေ

ပိုပြည့်မှရေချိုးသင့်တယ်နော်"

"စိတ်မပူပါနဲ့ ကျွန်မအဆင်ပြေပါတယ်" ရှင်းဟယ်ကပြောပြီး ရေချိုးခန်းထဲသို့ ပြန်ဝင်သွား၏။

နေ့စဉ် သူမကို ရေပတ်တိုက်ပေးသူများရှိလောက်သည်ကို သူမ ရိပ်မိသော်လည်း သူမကိုယ်သူမ ရေချိုးသန့်စင်ချင်စိတ်ရှိသေးသည်။ အကြောင်းမှာ ဤကိုယ်မှာ သူမ၏ ခန္ဓာကိုယ် ဖြစ်ပြီး သူမခန္ဓာကိုယ်ကို နှစ်သက်စိတ်အသစ်ရှိလာသောကြောင့်ဖြစ်၏။

ရေချိုးပြီးနောက် ရှင်းဟယ် အဝတ်လဲပြီး ဆန်ပြုတ်တစ်ပန်းကန်သောက်လိုက် သည်။ သူမ ချက်ချင်း နေလို့ပိုကောင်းသွား၏။

သူမ ဆိုဖာတွင် မှီထိုင်လျက် မျက်စိကိုမှိတ်ထားသည်။ အခန်းထဲသို့ အပြင်မှပန်းရနံ့များ ပျံ့လွင့်လာသည်။ သူမအသစ်တဖန်ပြန်မွေးဖွားလာသလိုခံစားနေရသည်။

သူမ မုပိုင်နှင့် လက်ထပ်ထားခဲ့သည့်အချိန်ကို ပြန်တွေးမိလေသည်၊ သူမကိုယ်သူမ ရွံ့မုန်းမိသည့်ခံစားချက်၊ ကူရာကယ်ရာမဲနေမှုနှင့် ခိုကိုးရာမဲ့နေမှု...

သို့ပေမဲ့ ယခုတော့ သူမပြောင်းလဲလာသည့်သူမပုံစံကို နှစ်ခြိုက်သည်။ သူမ နဂိုကိုယ်ကို ပြန်ရလာ၍ ဝမ်းသာမိပြီးအနာဂတ်၌ မည်သို့ပင်ဆိုစေ သူမကိုယ် သူမ တန်ဖိုးထားမိမည်ဟု ကျိန်ဆိုလေသည်။ အဖြစ်အပျက်တစ်ခုလုံးအပြီး သူမအဖြစ်နှင့်ပဲ နေရသည်မှာ အကောင်းဆုံးဖြစ်ကြောင်း သဘောပေါက်သွား၏။ သူမကံကြမ္ပာကို အပြည့်အဝချုပ်ကိုင်နိုင်ရခြင်းက ကမ္ဘာပေါ်တွင် အဓိပ္ပာယ်အရှိဆုံးဖြစ်၏။ ထို့ကြောင့် ရှေ့လျှောက် သူမပဲရှရှင်းဟယ်၊ နှစ်ယောက်မရှိသော ရှရှင်းဟယ်ဖြစ်မည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now