မုရှင်းယုက ကုယွမ်ကျိုးကို အနှောက်အယှက်မပေးချင်ဘူး- " ကျတော့်စတူဒီယိုမှာ လူထုဆက်ဆံရေးအဖွဲ့ရှိတယ်၊ သူတို့က ပြဿနာတွေကို ကိုင်တွယ်နိုင်ပါတယ် "

" သူတို့မှာ ကုအုပ်စုလို ကျွမ်းကျင်မှု မရှိတာသေချာတယ်၊ ပြီးတော့ ကိုယ့်ရဲ့အကျိုးအမြတ်ရဖို့အတွက် ဒါကိုသုံးချင်တယ် "

မုရှင်းယုက ကုယွမ်ကျိုးမှာ ပါးနပ်တဲ့ အစီအစဥ်တစ်ခုရှိတာကို တွေ့ပြီး ကုယွမ်ကျိုးကို နောက်ဆုံးမှာ ဒီကိစ္စကို လွှဲပေးခဲ့သော်လည်း ကုယွမ်ကျိုးအဖွဲ့က ဘာလုပ်မယ်ဆိုတာကို အရမ်းသိချင်နေခဲ့တယ်။ အဲ့ဒါနဲ့ မနက်စာစားပြီး စတူဒီယိုကိုသွားရမယ့်အစား သူက ကုအုပ်စုကို ကုယွမ်ကျိုးနဲ့အတူသွားခဲ့တယ်။

ကုယွမ်ကျိုးသည် လူထုဆက်ဆံရေးအဖွဲ့ကိုခေါ်ယူပြီးနောက် လန်ယင်ကိုခေါ်ခဲ့သည်။ ဆွေးနွေးပြီးနောက် ချောင်းဟုန်နှင့် ဖုန်ဇီအန်အတွက် အစီအစဉ်ကို အမြန်ဆုံး ဆုံးဖြတ်ခဲ့သည်။

ထိုနေ့တွင် "Tao Tao" ဟု အမည်ပေးထားသည့် ဖန်ဇီအန်၏ ပရိသတ်တစ်ဦးက ၎င်း၏ Weibo ပိုစ့်ရှည်တွင် ဖုန်ဇီအန်အား စိတ်ပျက်ကြောင်းဖော်ပြခဲ့သည်။

Taotao ၏ယခင် Weibo မှ သူသည် ဖုန်ဇီအန်၏အမာခံပရိသတ်တစ်ဦးဖြစ်ကြောင်သိနိုင်ပြီး ၎င်းသည် တရားမ၀င်ပရိသတ်တစ်ဦးလည်းဖြစ်သည်။

တရားမ၀င်ပရိတ်သတ်များသည် နာမည်ကြီးများ၏ ဓါတ်ပုံများကို လိုက်ကြည့်ခြင်း၊ လျှို့ဝှက်ဓါတ်ပုံရိုက်ခြင်းကို နှစ်သက်သော အရူးပရိတ်သတ်များဖြစ်သည်။

Taotao ၏ Weibo ကို တင်ပြီးနောက် ၎င်းသည် တခြားဖန်ဇီအန်ပရိသတ်များ၏ တိုက်ခိုက်မှုကို ဆွဲဆောင်ခဲ့ပြီး သူ့အား သူမတို့၏ idol ကို ဂုဏ်သိက္ခာမဲ့စွာစေတယ်ဟု ဆဲဆိုကြိမ်းမောင်းခဲ့သည်။ ရှည်လျားသော Weibo တွင် " ဇာတ်ဆောင်အတွက်၊ အိမ်ထောင်ရှင်တစ်ဦးနှင့် စာချုပ်ချုပ်ဆိုတယ် " ဟူသည်မှာ လူများကို ပထမတစ်ချက်တွင် တွေးတောစေသည်မှာ အမှန်ပင်ဖြစ်သည်။

ဖုန်ဇီအန်၏ပရိသတ်များက Taotao ကို Weibo ပိုစ့်အား ဖျက်ရန်တောင်းဆိုခဲ့သော်လည်း Taotao သည် ဖုန်ဇီအန်ကို အလွန်စိတ်ပျက်မိကြောင်းနှင့် အခြားပရိသတ်များ အမြန်နိုးထလာသင့်သည်ဟု မျှော်လင့်ကြောင်း Taotao က တိုက်ရိုက်ပြောကြားခဲ့သည်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now