ကျိုးခီအာကတော့ ယန်ချီလို လူမျိုးကို တခါမှ မမြင်ဖူးပါဘူး။

သူမက အံကြိတ်လိုက်ပြီး ယန်ချီကို စူးစိုက်ကြည့်လိုက်တယ်။

“ရှင်က ဘာပြောချင်တာလဲ”

“ဘာမှ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ငါက မင်းနာမည်ကို သိချင်ရုံပါ”

ပြောပြီးနောက် ယန်ချီရဲ့ မျက်နှာထက်မှာ ရက်စက်မယ့် အမူအယာ ပေါ်လာခဲ့တယ်။ “မြန်မြန်ပြော ငါ သည်းခံနိုင်တဲ့ အတိုင်းအတာ ရှိတယ်”

“ကျိုးခီအာ”

စိတ်ပျက်လက်ပျက်နဲ့ ကျိုးခီအာက သူမနာမည်ကို ပြောလိုက်ရတယ်။

“မင်းရဲ့ အစ်မက ကျိုးရွှယ်လား”

ယန်ချီက ဆက်မေးလိုက်တယ်။

ကျိုးခီအာလည်း ယန်ချီရဲ့ နှုတ်ကနေ သူမ အစ်မဖြစ်သူရဲ့ နာမည်ကို ကြားရလိမ့်မယ်လို့ မထင်ထားတဲ့အတွက် အံ့အားသင့်နေခဲ့တယ်။

“ရှင် . .  ရှင် ကျွန်မ အစ်မကို သိတာလား”

“ဒီကိစ္စက ထူးဆန်းနေလို့လား”

ယန်ချီက ပုံမှန်အတိုင်းပဲ ပြောလိုက်တယ်။

ကျိုးခီအာလည်း တခဏလောက် မှင်သက်နေခဲ့ပြီး ယန်ချီကို အံ့အားသင့်စွာ ကြည့်နေခဲ့တယ်။

“ရှင် ..  ရှင်နဲ့ ကျွန်မ အစ်မတို့ ကြားက ဆက်ဆံရေးက ဘာတွေလဲ”

“ဘာမှ မရှိပါဘူး။ ဒီတစ်ကြိမ် ငါ ဒုံယွဲ့မြို့ကို လာတာက ရည်ရွယ်ချက် တစ်ခုပဲ ရှိတယ်”

ယန်ချီက ကျိုးခီအာကို ကြည့်ပြီး ပြောလိုက်တယ်။

“ရည်ရွယ်ချက် တစ်ခုလား .. . ”

လူတွေက ယန်ချီရဲ့ စကားကို ကြားတဲ့အခါ ယန်ချီရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မှန်းဆခဲ့ကြတယ်။

“ဖြစ်နိုင်တာက. . ”

“လက်ထပ်ပွဲအတွက်လား ။ ဒါမှမဟုတ် စေ့စပ်ပွဲ အတွက်လား”

ရုတ်တရက် လူတိုင်းရဲ့ အတွေးထဲမှာ ထင်ကြေးအမျိုးမျိုး တွေးလိုက်မိကြတယ်။

“ရှင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ”

ကျိုးခီအာက ယန်ချီကို ကြည့်ပြီးမေးလိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now