"menuပါ~"

"အသားပေါင်းလေးရွေးလိုက်ဘာစားမှာလဲ~"

"အွန်း..ကဏန်းသားဖက်ထုပ် နာနတ်သီးpasta
ပြီးတော့သုံးထပ်သားညှပ်burgerရယ် creamဆန်း
strawberryတစ်ခွက်နဲ့ရေ~"

"ဟုတ်ကဲ့ ဒီဘက်ကလူကြီးမင်းကရော~"

"အသားပေါင်းနဲ့အမဲစွပ်ပြုပ်ပေးပါ~"

"ဟုတ်ကဲ့ ခနလေးစောင့်ပေးပါနော်~"

waiterထွက်သွားတာနဲ့တစ်ပြိုင်နက် ဆိုင်ရဲ့
ဖျော်ဖြေရေးဖြစ်တဲ့ရှေးခေတ်အမျိုးသမီးဝတ်စုံနဲ့
မိန်းကလေးကဗျက်စောင်းတီးပြချိန်မှာ
ဂျောင်ကုကပြုံးကြည့်လို့~

"Ommaနဲ့လာတုန်းက​ဖျော်ဖြေရေးကသီချင်းဆိုတာ
အခုကဗျက်စောင်းတီးပြတာပါလား~"

"သဘောကျနေတာလား~"

"အွန်း သဘောကျတယ်~"

"သဘောကျရင်ကိုယ့်ကိုအနမ်းတစ်ပွင့်ပေးပြီးဆုချရမယ်~"

"ဘာမှလဲမဆိုင်ဘူး~"

"ဆိုင်တယ် ဒီထက်သဘောကျစရာတွေလုပ်ပေးဦးမှာ
လာ မြန်မြန်လေးဆုချလိုက်~"

"မွ~"

မျက်နှာရှေ့တိုးပေးလာတဲ့ထယ်ယောင်းကို
ဂျောင်ကုကပါးမှာတစ်ချက်နမ်းပေးလိုက်တာမို့
ထယ်ယောင်းတစ်ယောက်ပြုံးနေရောဘဲ~

"မှာထားတာတွေလာပြီhyung~"

"အွန်း အသားပေါင်းလေးကိုစားရတော့မယ်~"

"ဘာကြီးလဲ hyungပြောတာကြီးက~"

"ကိုယ်ဘာပြောလို့လဲ ကိုယ်မှာထားတဲ့အသားပေါင်းစားရတော့မယ်လို့ပြောတာကို~"

"ဟုတ်လို့လား~"

"ဟုတ်ပါတယ်..ဟင်းဟင်း~"

ထယ်ယောင်းရဲ့အဓိပ္ပာယ်ရှိလွန်းတဲ့အပြုံးကြီးကြောင့်
ဂျောင်ကုတစ်ယောက်ပုခုံးတစ်ချက်သာတွန့်သွားပြီး
ရောက်လာတဲ့စားစရာတွေကိုစားကာ စိတ်ကျေနပ်နေရောဘဲ~

"စားကောင်းလားအသားပေါင်းလေး~"

"အရမ်းစားကောင်းတယ် နည်းနည်းလောက်မြည်းကြည့်ချင်လား~"

"တော်ပါပြီ ကိုယ့်ဟာကိုယ်စားပါ ပြီးရင်သွားစရာရှိသေးတယ်~"

First time{Complete}Where stories live. Discover now