"ပေါင်ပေါ် ခေါင်းတင်ပြီးလာကြည့်"

ရိပေါ်ကမခုပ်တတ်တဲ့ကြောင်လေးလို့ကုပ်ကုပ်လေးနဲ့ ရှောင်းကျန့်ပေါင်ပေါ် ခေါင်းတင်လိုက်သည်။

ရှောင်းကျန့်စတင်ကာဖတ်ပြလိုက်တာနဲ့
စာအုပ်ကိုကြည့်လိုက်သည်။
ဖတ်ပြတဲ့ရှောင်းကျန့်ကဘယ်လိုနေလဲမသိပင်မဲ့ နားထောင်နေတဲ့ဝမ်ရိပေါ်ကတော့်
ပျင်းလာပြီးဖြစ်ပြီ။

ပျင်းလွန်းလို့သန်းတောင်သန်း နေသော
ဝမ်ရိပေါ်ကို ရှောင်းကျန့်က အိပ်ချင်လာပြီထင်ကာ ခေါင်းကိုခပ်ဖွဖွလေး ပွတ်ပေးကာ
အသံကိုလည်းအငယ်လျော့လိုက်သေးသည်။

ဝမ်ရိပေါ်ကတော့ရှောင်းကျန့်ရဲ့လက်ကခေါင်းပေါ်ရောက်လာ ကတဲက အကြံဉာဏ်
အပြည့်နဲ့ခေါင်းလေးဟာ စတင်လို့ လည်ပတ်နေပြီဖြစ်သည်။

ဝမ်ရိပေါ် ရဲ့ခေါင်းလုံးလုံးလေးဟာ စာအုပ်
ဖတ်ကိုလှည့်နေရာမှ တဖြည်းဖြည်း
ရှောင်းကျန့် ဗိုက်ရှိရာဖက်သို့လှည့်သွားကာ
သူခေါင်းနဲ့ နူးညံ့တဲ့ ဗိုက်လေးကိုပွတ်သလိုနဲ့
ဗိုက်သာလေးကိုခိုးနမ်းနေတော့သည်။

ရှောင်းကျန့်ဝမ်ရိပေါ်ရဲ့အပြုအမှုကြောင့်လန့်သွားပင်မဲ့ အိပ်ပျော်သွားပြီးထင်ကာ
စာအုပ်ကိုခုတင်ဘေး ကိုတင်ထားလိုက်တော့သည်။

သူ့ပေါင်ပေါ်မှာ အိပ်နကာ သူ့ခါးကိုလဲဖတ်ထားသေးသော ဝမ်ရိပေါ်ကို ငုံကြည့်လိုက်တော့ မျက်နှာကို လဲ သူ့ဗိုက်နားကပ်ကာဖုံးထားသောသည်။

တကယ်ကလေးလေးလိုပင် ဂျစ်တိုက်ကာ၊
ရစ်ထုတ်လေးဖြစ်တုန်းပင်။

ရှောင်းကျန့် ဝမ်ရိပေါ်ရဲ့ခေါင်းလေးကို ထပ်မံ
ပွတ်ပေးလိုက်တော့ ဝမ်ရိပေါ်က သူ့မျက်နှာနဲ့
သူ့ဗိုက်ကို ပွတ်လာသည်။

ရှောင်းကျန့် စိတ်ထဲမှာတမျိိုးကြီးခံစား
ရတာမို့ ဝမ်ရိပေါ်ရဲ့ခေါင်းကိုဆက်မပွတ်ပေး
တော့ပဲ ရပ်လိုက်တော့သည်။

ရှောင်းကျန့်ဝမ်ရိပေါ်ကို သူ့ပေါင်ပေါ်ခေါင်း
တင်ထားရာကနေ ခေါင်းအုံးပေါ်တင်ပေးလိုက်သည်။တစ်စောင်းဖြစ်နေသောကိုယ်ကိုလဲအတည့်ပြင်ပေးလိုက်ပြီး စောင်းအပါးလေးကိုလဲ ခြုံပေးလိုက်သည်။

 My  Warlock (Completed)Where stories live. Discover now