"အဟမ်း..နောက်ကျနေပြီ..အခုဘဲသွားကြမယ်"

ဟံသာဦးမျက်နှာမှာ နွေဦးရှေ့ကြာကြာရှိနေလျှင် အငွေ့ပါပျံလာပြီး စိတ်လိုလက်ရ ဘာလုပ်မိမယ်မှန်းမသိ...သေချာတာတော့ အဲ့ လူကြီးပေါက်စလေးကို ကုတင်ပေါ်ရောက်အောင် ပြေးဆွဲမိမှာအမှန်ပင်ဖြစ်တာမို့...

အမှန်က ဒီနေ့ နွေဦး ကုမ္ပဏီကိုသွားရောက်မိတ်ဆက်ခြင်းနှင့် ဆက်ခံသူနေရာအတွက် အသိပေးကြေညာခြင်းဖြစ်သည်။ သို့ပေမဲ့လည်း ဟံသာဦးက ကုမ္ပဏီကို ခေတ္တအုပ်ချုပ်ခွင့်တာဝန်ခံတယောက်အနေနှင့် နွေဦးအား အလုပ်ဇယားတွေကို သင်ကြားပို့ချရအုံးမည်။

ကားပေါ် ငြိမ်ငြိမ်ကလေးကုတ်လို့ လိုက်ပါလာသော လူကြီးလေးက ဒီအဝတ်အစားတွေ ဝတ်ရမယ်လို့ သူ့ကိုဘယ်သူသင်ပေးလိုက်သလဲမသိပါလေ... ရုံးတက်သည့် လူငယ်ဆန်ဆန်အင်္ကျီတွေမှ ရိုက်သတ်လို့မကုန်ကို အခု သူ့လူကြီးလေးက ဒီsuitကြီးနှင့်... ဟံသာဦးတောင် suit ကို ပွဲထိုင်တို့party တို့ရှိမှ ချဝတ်တာ အခုဘေးက ဝတ်စုံကြောင့်အနေခက်နေသည့် နွေဦးအားကြည့်လို့ ကြိတ်ပြုံးမိသည်။

"နွေဦး.."

"ဟမ်"

"ဟိုရောက်ရင် ဘာအရင်ပြောမှာလဲ.."

သူ့လူကြီးလေးအား ကြည့်ခါ စချင်လာသည်ကြောင့် စလိုက်မိရာ ထင်သည့်အတိုင်း လူကြီးပေါက်စကအူကြောင်ကြောင် မျက်လုံးရွဲကြီးတွေနှင့် ပြန်ကြည့်လာလေသည်။

"ဟမ်..အဲ..ဒုက္ခဘဲ အဲ့လိုမှန်းသိရင် ညက googleတခါလောက် ခေါက်ကြည့်လိုက်ရမှာ"

ဟံသာဦးက ပိုလို့ပင် စချင်မိလာရာ.." ပြောပါအုံး ဘယ်ခေါင်းစဉ်နဲ့ google ခေါက်မှာလဲ "

"အာ....." ဟူ၍ သံရှည်ဆွဲနေသော နွေဦးအား လှည့်ကြည့်စရာမလိုအောင် မျက်နှာကဘယ်အမူအရာဘက်သို့ပြောင်းနေလဲဆိုတာ ဟံသာဦးသိသည်။

"မသိဘူး"

ခပ်တိုးတိုးနှင့်ခပ်ပျက်ပျက်စကားလေးကြောင့် ဟံသာဦးရယ်သံလေးရောလို့.."စတာ စတာ" ဟုပင်ပြန်ဖြေသိမ့်ပေးရသည်။

ထို့နောက် ဖြူစွတ်နေသောကားကလေးသည် ခုနှစ်လွှာအထိ မြင့်သော တိုက်ကြီးတစ်ခုရှေ့တွင်ရပ်သည်။ ဝယ်ယူထားသော အလွှာမြင့်တိုက်ခန်းမဟုတ်ဘဲ ကိုယ်ပိုင်ဆောက်လုပ်ပြီးဖွင့်လှစ်ထားတဲ့ ကုမ္ပဏီမျိုးဖြစ်သည်ကြောင့် ခုနှစ်လွှာလုံးက နွေဦးအပိုင်သာဖြစ်လာမည်။

MY Crush Is My Step-FatherWhere stories live. Discover now