"Shit....!!!"
ဝမ်ရိပေါ်ဟာသူကိုယ်သူအသံတိုးတိုးနဲ့ဆဲရေးလိုက်မိသည်
သူအဖြစ်က အခုမှလွတ်သွားတဲ့ငါးကပိုကြီးတယ် ဆိုတာကို
သိသွားတဲ့လူတစ်ယောက်ပုံစံဖြစ်သွားပြီ"မင်းစိတ်ထဲမထားဘူးမလား"
"ရပါတယ်ဝမ်းကွဲအကိုထိုင်ပါ..."
ဝမ်ရိပေါ်စကားကြောင့်ရှောင်ကျန့်ရဲ့မျက်နှာဟာတည်တင်းသွားတယ်
ဝမ်ရိပေါ်ဟာရှောင်ကျန့်ရဲ့မျက်နှာထားပြောင်းလဲသွားတာကိုရိပ်မိသွားပြီးဘာဖြစ်သွားတာလဲဆိုတာစဉ်းစားနေသည်သူစကားပြောမှားသွားလို့လား
ထိုအချိန်ဗိုလ်ချုပ်ရှောင်းရဲ့အေးစက်လှတဲ့အသံဟာထွက်ပေါ်လာခဲ့တယ်"ကိုယ်ဒီနေ့မင်းကိုလာတွေ့တာက မင်းရဲ့အိမ်ထောင်ဖက်လက်တွဲဖော် အနေနဲ့ မင်းရဲ့ဝမ်းကွဲအကိုအနေနဲ့ လာတွေ့တာ မဟုတ်ဘူး "
ဗိုလ်ချုပ်ရှောင်းဟာခပ်တည်တည်ပဲဝမ်ရိပေါ်ရှေ့ကထိုင်ခုံမှာဝင်ထိုင်လိုက်တယ်
ဝမ်ရိပေါ်ကတော့ရေခွက်ကိုတစ်ချိုက်တည်းမော့သောက်လိုက်တယ်
ဘဲကြီးကတကယ့်အလာကြီး...ဒဲ့ဆိုဒဲ့ပဲ....ဘယ်လိုတောင်သူ့ကိုအရှက်ရအောင်ပေါ်တင်ကြီးပြောရက်ရတာလဲ...မနေ့ကအထိသူဟာသူ့ရဲ့၆နှစ်ငယ်တဲ့ဝမ်းကွဲညီလေးဖြစ်နေပေမဲ့...ဒီနေ့သူဟာသူ့ရဲ့အိမ်ထောင်ဘက်ဖြစ်သွားတာလေ...ဒါကိုဗိုလ်ချပ်ရှောင်းက...ချက်ချင်းကြီးလက်ခံနိုင်တယ်ပေါ့
ဒါဆိုအရင်တုန်းကသူတစ်ယောက်တည်းသာလက်မခံနိုင်ဘဲ
ထွက်ပြေးခဲ့တာပေါ့ဝမ်ရိပေါ်ဟာအတွေးကမ္ဘာထဲကထွက်လာပြီးပစ္စုပ္ပန်ကိုပြန်ရောက်လာကာ
စားပွဲထိုးကောင်လေးကိုခေါ်မဲ့အချိန်...ရှောင်ကျန့်ကသူ့ကိုတားလာသည်"မမှာနဲ့တော့"
"ဘာလို့လဲ"
"နေ့လည်စာအရင်စားရအောင်နောက်ပြီးမှပြန်လာကြမယ်လေ"
နာရီကလဲထမင်းစားချိန်ရောက်နေပြီဖြစ်သောကြောင့်ဝမ်ရိပေါ်အလျင်အမြန်ခေါင်းငြိမ့်လိုက်သည်
ဝမ်ရိပေါ်ဟာသူရဲ့ကျောပိုးလွယ်အိတ်ကိုယူလိုက်တဲ့အချိန်
ဗိုလ်ချုပ်ရှောင်း ကသူ့ကိုအရင်တားလာပြန်သည်
Part-3 (U)
Start from the beginning