"ဝိုး...ဉီး...အဲ့တာ... စီးကြရအောင်.."

ဘုရားရေ ရုိလာကိုစတာလား??ဒီလောက် အန္တရာယ်များတာကို...အကွေ့အကောက်တွေက ခပ်များများရယ်။ အရှိန်ကလည်း ပြင်းအတော်ပြင်းတာကြောင့် ဘေးမှာရပ်နေတဲ့ သူတို့ကိုပင် ထိုလူတွေဖြတ်သွားစဉ် လေပြင်းတို့ကြောင့် အသည်းအေးကနဲပင်...

"မစီးရဘူး...ခေါင်းမူးလိမ့်မယ် bae"

သူက ဒီလိုအရှိန်ပြင်းတာတွေကို သဘောကျတာကို...ဟွန့်...သူတစ်ခါမှ ကစားကွင်းကို မလျှောက်လည်ခဲ့ဖူးပင်။ ငယ်စဉ်ကလည်း ပို့ပေးမဲ့သူမရှိခဲ့သလို ဉီးနဲ့မတွေ့ခင်အထိ သူဟာ စာအုပ်ဖတ်ရတာကိုပဲနှစ်သက်ခဲ့တာ။

မျက်နှာလေး ညှိုးကျသွားတဲ့ baeကြောင့် သူ့မှာခြေမကိုင်လက်မကိုင်မိ။ Baeသာ တစ်ချက်ချွဲလိုက်ရင် ဒီကောင်ကြီးက ပိုင်ဆိုင်သမျှကိုချက်ချင်း လက်လွှဲပေးမည်အထိ ချစ်တာကိုကွာ...

"ကဲ...အဲ့တာဆို ဒီတစ်ခေါက်ပဲနော့်..."

"တကယ်လား...ဟီး...ဉီးက အများကြီးချစ်ဖို့ကောင်းတယ်..."

ရယ်မောလိုက်သဖြင့် အသည်းပုံနှုတ်ခမ်းလေးသည် ထင်ထင်ရှားရှား ပေါ်လွင်လာသည်။ ဘေးဘယ်ညာလှမ်းကြည့်မိတော့ သူ့ကလေးအာ ပေါ်တင်တမျိုး ခိုးချောင်ခိုးဝှက်နဲ့ ဓာတ်ပုံရိုက်​​နေကြတဲ့ လူတွေ...

"မွ...ဒါက အဖိုးအခ..."

ပါးပြင်လေးအာ မွှေးကြူပြီး သူ့အပိုင်ဖြစ်ကြောင်း ကြော်ညာမိတော့ ကလေးက ခေါင်းလေးကိုငုတ်လို့ ဉီးကလည်း...သူများတွေနဲ့လေတဲ့။အား.. ဒီကလေးက တကယ့်ချစ်မွှေးလေး...

"Bae ရုပ်ရှင်ကြည့်အုန်းမလား...ဒီမှာ လက်မှတ်ဝယ်နှင့်...ကိုယ် မုန့်တွေသွားဝယ်လိုက်အုန်းမယ်.."

တကယ်ဆို သူသာဆိုရင် romance နဲ့ horror တွေသာ ကြည့်ဖို့ဝယ်ဖြစ်လောက်ပေမဲ့ baeကို ဉီးစားပေးတဲ့အနေနဲ့ baeကိုဆုံးဖြတ်စေခဲ့တာဖြစ်တယ်။

>>>>

ဉီးက သူ့ကို ရုပ်ရှင်ဇာတ်ကားရွေးခိုင်းခဲ့ပေမဲ့ သူကလည်း ဘယ်ကားကောင်းမှန်းမသိ။ ဒါက movie dateလို သဘောဆိုတော့ သူအရွေးလည်း မမှားချင်ပေ...

Sean's Adorer (Complete) Där berättelser lever. Upptäck nu