"သားလေးကိုဒီညပြောပြလိုက်တော့"

*************
ဝမ်ရိပေါ်မှာကြောင်တောင်တောင်နဲ့တက္ကသိုလ်ထဲကိုရောက်လာတယ်

ဒီနေ့က 17.6.2022 သေစမ်းဒီနေ့ကဟို$ကောင်ပိုင်ရိဟန်ရဲ့မွေးနေ့ပဲ ဝမ်ရိပေါ်ကအလျှင်အမြန်ပင် စတုတ္ထနှစ်အဆောင်ကိုသွားလိုက်သည်

ပိုင်ရိဟန် ဟာသူ့ရဲ့စားပွဲ​ပေါ်မှာ
စာအိတ်တစ်အိတ်ရောက်​နေတာကိုသတိထားမိလိုက်တယ်
စာအိတ်ရဲ့အပေါ်မှာ ရိပေါ်မှ လို့ရေးထားတယ်

ပိုင်ရိဟန်ဟာခနဲ့စွာပြုံးလာတယ်
ဒီလူပေါ့ကြော့သခင်လေးကတကယ်ကစားဖို့လွယ်တာပဲ

စားပွဲပေါ်ကစာအိတ်ကိုဖွင်ကြည့်လိုက်တော့
ပိုင်ရိဟန် ရဲ့ မျက်လုံးတွေဟာစူးရှသွားတယ်
အိတ်ထဲမှာရှိနေတာကဝမ်ရိပေါ်ကသူပိုင်ဆိုင်တဲ့ရှယ်ယာ၅%ကိုလွဲပြောင်းထားတဲ့စာရွက်ပဲ
ပိုင်ရိဟန် ဟာ သူ့ကိုရှယ်ယာတွေလွဲပြောင်းထားတာ
ဟုတ်မဟုတ်စစ်မလို့ရှိသေးသူ့လက်ထဲကစာရွက်ဟာအလုခံလိုက်ရတယ်

"ဟင်...ရိပေါ်"

"Sorry စီနီယာကျွန်တော်စာအိတ်မှားပို့မိလိုက်တာ"

ပိုင်ရိဟန် မှာ စားရခါနီးမှ လက်ထဲကပြုတ်ကျသွားတဲ့မုန့်
သဖွယ်ခံစားလိုက်ရတယ် စာအိတ်မှားနေတာတဲ့
ဒါဆိုအဲ့ရှယ်ယာတွေက...ဘယ်သူ့အတွက်လဲ....ဘယ်သူ့ကိုလွဲပြောင်းပေးဖို့ကြံနေတာလဲ

"ဪ...ဟုတ်လား...ဒါအကို့အတွက်မွေးနေ့လက်ဆောင်မဟုတ်ဘူးပေါ့...."

ဝမ်ရိပေါ်မှာပိုင်ရိဟန်ကိုထထိုးချင်စိတ်ကိုအကောင်းဆုံးထိန်းချုပ်ထားရင်း အတင်းပြုံးပြလိုက်ရတယ်

"ဟုတ်....ဒီဟာကမှအကို့အတွက်မွေးနေ့လက်ဆောင်ပါ"

ဝမ်ရိပေါ်ဟာသူလွယ်အိတ်ထဲကနေပိုင်ရိဟန်စားပွဲပေါ်မှာတင်ထားတဲ့ စာအိတ်နဲ့တူတဲ့စာအိတ်တစ်အိတ်ကို ထုတ်ပေးလိုက်တယ်
စာအိတ်ကိုမြင်တော့ ပိုင်ရိဟန်မျက်နှာကပြုံးရွှင်သွားတယ်
ပိုင်ရိဟန် က ဒီစာအိတ်ထဲမှာလဲ ရှယ်ယာတွေရှိနေတာလို့ထင်နေတာဖြစ်တယ်

"အကိုအခုဒီစာအိတ်ကိုဖွင့်ဖောက်လို့ရမလား"

"ဟင့်အင်း..အခုမဖောက်သေးနဲ့ဦးကျွန်တော်သွားမှဖောက်ပါ"

General Xiao Is Ruining MeTahanan ng mga kuwento. Tumuklas ngayon