ဘာကြောင့်လဲဆိုတော့ သူမတို့တွေက ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ သိနေခဲ့တာကြောင့်ပါ။

“ချွင်. . . .  ”

ဒါပေမဲ့လည်း အပြာရောင် လဓါးက ယန်ချီရဲ့ဦးခေါင်းနဲ့ ထိမှန်တဲ့ အချိန်မှာ သံသံချင်း ထိမှန်သံ ထွက်ပေါ်လာလိမ့်မယ်လို့ သူမတို့တွေ မထင်မိခဲ့ပါဘူး။

မိန်းကလေးတွေက ဒီအသံကို ကြားကြားချင်း မျက်လုံးကို လျင်မြန်စွာ ဖွင့်ကြည့်လိုက်တယ်။

သူမတို့တွေ မျက်လုံးကို ဖွင့်ကြည့်ပြီးနောက် ကျောက်ရုပ်အလား ဖြစ်သွားခဲ့ရတယ်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

မိန်းကလေးတွေက အထိတ်တလန့်နဲ့ ပြောဆိုလိုက်မိတယ်။

သူမတို့အနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် ဒီကိစ္စကို အမှန်လို့ မယုံကြည်ချင်ကြပါဘူး။

ဒါပေမဲ့လည်း မြင်လိုက်ရတဲ့ မြင်ကွင်းက သူမတို့ကို အမှန်တရားဆိုတာ ပြောပြနေသလိုပါပဲ။

“အဲ့ဒါ  .. .  အဲ့ဒါ. .  အဲ့ဒါ. . .”

ကျိုးရွှယ် လည်း အံ့ဩမှင်သက်နေခဲ့တယ်။

သူမက အပြာရောင် လဓါးက ယန်ချီရဲ့ ဦးခေါင်းနဲ့ ထိမှန်သွားချိန်မှာ ယန်ချီက ဘာမှ မဖြစ်ဘူးဆိုတာကို မယုံကြည်နိုင် ဖြစ်နေခဲ့တယ်။

“ဒါက ဘာခေါင်းများလဲ”

“ဒီကိစ္စနဲ့ ပတ်သတ်ပြီး သိပ်အံ့အားသင့်မနေပါနဲ့ ”

ယန်ချီက ကျိုးရွှယ် ကို ကြည့်ပြီး မထူးခြားသလို ပြောလိုက်တယ်။

ဒီအချိန်မှာတော့ ကျိုးရွှယ် က ဘယ်လိုလုပ်ပြီး စကားကို ဆုံးအောင် ပြောနိုင်မှာလဲ။

“အခု. . .” ယန်ချီက ကျိုးရွှယ်ကို ကြည့်လိုက်ပြီး မထူးခြားသလို ပြောလိုက်တယ်။ “မင်းရဲ့ ဆက်နွယ်မှုလက်နက်က သာမန်ပဲဆိုတာ ယုံကြည်ပြီးလား”

အချိန်အတော်ကြာပြီးနောက် ကျိုးရွှယ် က သတိပြန်ဝင်လာခဲ့ပြီ ယန်ချီကို ထိတ်လန့်စွာ ကြည့်လိုက်တယ်။

“ရှင်. .  ရှင်က ဘယ်လိုလုပ်ပြီး ခုခံနိုင်မှုက အစွမ်းထက်တာလဲ”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now