သူက ချန်ဖန်ကို အေးစက်စက်အသံနဲ့အမိန်ပေးလိုက်တယ် " သူ့ကို အသေသတ်ပစ်လိုက်! "

ချန်ဖန်က အရမ်းအံ့သြသွားတယ်။ ဒါက ကုယွမ်ကျိုးရဲ့ အေးဆေးတည်ငြိမ်ပြီး ချုပ်တည်းတက်တဲ့ စရိုက်နဲ့မကိုက်ညီပေ။ သို့သော် ကုယွမ်ကျိုး အမိန့်ကို လိုက်နာပြီး သူ့လက်အောက်ငယ်သာတွေကို အန်ဒရီကို သင်ခန်းစာပေးခိုင်းလိုက်တယ်။

အန်ဒရီသည် သွေးအန်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသော်လည်း လုံးဝကြောက်ရွံ့မှုမရှိဘဲ ရယ်မောနေခဲ့တယ်။

သိပ်မကြာခင်မှာပဲ သံရုံးကကားနှစ်စီး ဖြတ်ကျော်ရောက်ရှိလာတယ်။

သူတို့ ကားပေါ်ကနေ ဆင်းလာပြီးနောက်မြေပြင်ပေါ်မှာ အရိုက်ခံထားရတဲ့ အန်ဒရေကို တွေ့လိုက်ရတယ်။

ဦးဆောင်လာသူလူလတ်ပိုင်းအမျိုးသာက " မစ္စတာကု၊ မစ္စတာအန်ဒရီက ငါတို့တိုင်းပြည်ကလာတာ။ သူဘာလုပ်လုပ်ကိစ္စမရှိဘူး။ သူကို ငါတို့ဆီလွှဲပေးလိုက်ပါ "

ကုယွမ်ကျိုးက သူ့လက်ကို ဝှေ့ယမ်းပြီး သက်တော်စောင့်တွေကို လွှတ်ခိုင်းလိုက်တယ်။

အန်ဒရီသည် အကူအညီရသွားပြီးနောက် သူ့နှုတ်ခမ်းထောင့်မှ သွေးများကို ပြုံးကာ သုတ်လိုက်ပြီး ကုယွမ်ကျိုးကို မကြောက်မရွံ့ကြည့်ကာ " ဝမ်းကွဲအကို၊ ဒီတစ်ကြိမ် မင်းရဲ့ ကံကြမ္မာကကောင်းနေပေမယ်၊ နောက်တစ်ခါတော့ မတူညီလောက်တော့ဘူး "

ကုယွမ်ကျိုးသည် အေးစက်သောမျက်နှာဖြင့် စကားမပြောဘဲ Andre ကို သံရုံးမှ ကူညီပေးပြီးနောက် ရုတ်တရက် မေးလိုက်တယ်။

" အန်ဒရီ၊ မင်းငါ့ကို လုပ်ကြံဖို့ ဘယ်အချိန်ကတည်းက စီစဉ်ခဲ့တာလဲ? "

" အရေးကြီးလို့လား? "

" အရေးကြီးတယ် "

" မင်း ကုမိသားစုအာဏာကိုရပြီးကတည်းက ငါတို့ဟာ ရန်သူတွေဖြစ်လာဖို့ ကံကြမ္မာပါပြီးသာ " အန်ဒရီက ပြန်ပြောတယ်။

ကုယွမ်ကျိုးသည် ထိုစကားကြားပြီးနောက် သူက ပြုံးပြီး " ကောင်းပြီး၊ ဒါဆို ရန်သူမို့ နောင်အနာဂတ်မှာ မင်းကို ငါ ယဉ်ကျေးနေမှာ မဟုတ်ဘူး! "

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now