ပုံမှန်စားနေကျအစားအစာအရကုယွမ်ကျိုးသည်အစာကြေလွယ်သောအရည်အစာများကိုသာစားနိုင်သည်။

သူမျိုမချနိုင်သောအခါမှာသူ့နှာခေါင်ကနေတိုက်ကျွေဖို့လိုအပ်တယ်။(T/N ပိုက်ထည့်ပြီးကျွေးတာထင်တယ်...)

ထိုအခြေအနေမှာသင်ကအိပ်ရာခင်းနှင့်မွေ့ရာများကိုပုံမှန်လဲလှယ်ပေးရန်လိုအပ်ပြီးထို့ပြင်အခြားအရာအများကြီးကိုလည်းအာရုံစိုက်ရန်လည်းလိုအပ်တယ်။

မုရှင်းယုသည် သူနာပြုဝန်ထမ်း၏ ပြောစကားများကို တစ်ကြိမ်သာနားထောင်ပြီးနောက်မှာ သူနာပြုအတက်သည် အလွန်ပညာသားပါပြီး ရှုတ်ထွေးလွန်သည် ဟုသူခံစားခဲ့ရတယ်။ ကံကောင်းထောက်မစွာကုရဲ့မိသားစုက ကုယွမ်ကျိုးကိုအပြည့်အဝဂရုစိုက်ဖို့ သူနာပြုဝန်ထမ်းကိုဌားရမ်းခဲ့တယ်။

ဒီလိုနဲ့...မကြာခင်မှာဘဲညအချိန်သို့ရောက်ရှိလာခဲ့တယ်။ အိမ်တော်ထိန်းလင်းကမုရှင်းယု၏ပစ္စည်းတွေကိုကုယွမ်ကျိုး၏ဆန့်ကျင်ဘက်အခန်းမှာထားဖို့သူ့ကိုသူ့ကို​မေးမြန်ကာ မုရှင်းယုကိုပြောလိုက်တယ်။

" မုရှောင် ၊ဒီအခန်းထဲကပစ္စည်းအားလုံးကိုမကြာသေးမီကဝယ်ယူခဲ့တာပါ။ တကယ်လို့ဒီမှာအခြားလိုအပ်တာတွေရှိသေးရင်၊ကျွန်တော့်ကိုအချိန်မရွေးပြောနိုင်ပါတယ် "

မုရှင်းယုကမေးလိုက်တယ်....
" ညအချိန်ဆိုမစ္စတာကုကိုပုံမှန်ဘယ်သူကဂရုစိုက်တာလဲ? "

" ကျွန်တော်တို့ကလူနာစောင့်သုံးဦးကိုဌားရမ်းထားပြီးညအချိန်ကိုလူနာစောင့်တစ်ဦးကတာဝန်ယူထားပါတယ် "

" အိမ်တော်ထိန်းလင်း၊အနာဂတ်မှာသူနာပြုဆရာမကိုအခန်းထဲကိုလာခွင့်ပြုဖို့မလိုအပ်တော့ဘူး။တကယ်လို့တစ်ခုခုဖြစ်ပျက်ခဲ့ရင်ကျတော်အချက်ပေးခေါင်းလောင်းကိုတီးလိုက်မယ် "

မုရှင်းယုကကုယွမ်ကျိုးရှိရာအခန်းသို့ပြန်လာခဲ့တယ်။

" သခင်လေးမု၊ဘာကိုဆိုလိုတာလဲ?..."

" ကျတော်ဒီအခန်းမှာအိပ်မယ်၊ပြီးတော့ညအချိန်မှာကျတော်မစ္စတာကုကိုဂရုစိုက်လိုက်မယ် "

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now