" ဖိုးဖိုးကု ကျတော်မစ္စတာကုကိုတွေ့ချင်လို့၊ တွေ့လို့ရလာ " မုရှင်းယုကမေးလိုက်တယ်။

" ရတာပေါ့ " သူကလင်ရှောင်းကိုခေါ်ပြီး မုရှင်းယုကို ကုယွမ်ကျိုးရဲ့အခန်းထဲ ခေါ်သွားဖို့ လင်းရှောင်းအား ပြောလိုက်တယ်။ မုရှင်းယုသည်ဘလင်းရှောင်းနောက်သို့လိုက်သွားပြီး စတုတ္ထထပ်သို့ဓာတ်လှေကားဖြင့်သွားလိုက်တယ်။

အကျွမ်းတဝင်ရှိသောစင်္ကြံများနှင့်အကျွမ်းတဝင်ရှိသောအလှဆင်မှုများကမုရှင်းယုအားသူသည်ယခင်ဘ၀သို့ပြန်ရောက်သွားသည်ဟုထင်ယောင်ထင်မှားဖြစ်စေခဲ့သည်။

ယခင်ဘဝ၌ သူသည် လင်းရှောင်း၏ ဦးဆောင်မှုအောက်တွင် ကုယွမ်ကျိုး၏ အခန်းသို့လာခဲ့သည်။ သို့သော် ခြားနားချက်မှာ ဒီဘဝ၌ အခန်းရှိလူသည် သူ့ကိုထိုင်ပြီမစောင့်နေဘဲ ခုတင်ပေါ်တွင်တိတ်ဆိတ်စွာ လှဲလျှောင်းနေသည်။

အခန်းထဲမှာ သူနာပြုဆရာမတစ်ယောက်ရှိတယ်။ လင်းရှောင်ကိုတွေ့လိုက်တဲ့အခါသူကမြန်မြန်ထထိုင်လိုက်ပြီး....

" အိမ်တော်ထိန်းလင်း၊ မစ္စတာကုရဲ့အရာအားလုံးကပုံမှန်ပါဘဲ " လို့ပြောလိုက်တယ်။

" ကောင်းပြီး " လင်းရှောင်ကခေါင်းငြိမ့်လိုက်ပြီး မုရှင်းယုအား အိပ်ရာဆီသို့လာရန် လက်ဟန်ပြလိုက်တယ်။

ကုယွမ်ကျိုးသည် မတ်လတွင် ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ယခုဆိုလျှင်မေ့မြောနေခဲ့သည်မှာ ဆယ်လရှိပြီဖြစ်သည်။

ခေါင်းဒဏ်ရာကြောင့်ညအရမ်းတော်သောဆရာဝန်တွေတောင်မှ ကုယွမ်ကျိုး ပြန်နိုးလာလိမ့်မယ်လို့အာမခံချက်မပေးနိုင်ဘူး။

ကု၏မိသားစုသည် အိမ်၌ဆေးပစ္စည်းအပြည့်အစုံတပ်ဆင်ရန် ငွေအမြောက်အမြားရင်းနှီးခဲ့ပြီး အခန်ထဲရှိအချက်ပေးသံသည် ကိရိယာကြောင့်ဖြစ်ပေါ်စေသည်။

ဆောင်းတွင်းရောက်နေပြီအခန်းထဲမှာလေအေးပေးစက်ဖွင့်ထားသည်။ပြီးတော့မုရှင်းယုသည်အခန်းထဲးတွင်ဆေးနံ့အနည်းငယ်ရနေသည်။

သူက ကုတင်ဘေးက ကုလားထိုင်ပေါ်မှာထိုင်ရင် ကုယွမ်ကျိုး၏ညာလက်ကိုဘကြည့်လိုက်တယ်။ အဲ့ဒါကဖြည့်သွင်းနေတုန်းဘဲ။ သူကအဲဒါကိုမထိဘဲမတက်နိုင်ခဲ့ဘူး။
(T/N ဆေးသွင်းနေတာ)

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now