မုမိသားစု၏ ဧည့်ခန်းတွင် ပါးပါးမုသည် မဂ္ဂဇင်းဖတ်ပြီး မားမားမုသည့ ဖုန်းကြည့်ကာ အားလုံးက ညစာစားရန်အတွက် စောင့်ဆိုင်းနေသည်။

ဒါပေမယ့် အခုက မုမိသားစုရဲ့ ပုံမှန်ထမင်းစားချိန်ကို ကျော်နေပြီ သူတို့ မစားသေးတာက မားမားမုက မုရှင်ယု ပြန်လာမယ်ပြောသောကြောင့်ဖြစ်သည်။

မားမားမုက စောင့်ဆိုင်းနေချိန်မှာဘဲ သူမက နောက်ဆုံး မုရှင်းယု၏ အသံကို ကြားလိုက်ရသည်။ သူမက လျှင်မြန်စွာ ထလိုက်သော်လည်း ပါးပါးမုက တည်ငြိမ်စွာဖြင့် " မသွားနဲ့ "

" ဘာလို့ဒီလောက် ပြင်းထန်နေတာလဲ? ရှင်းယုကနောက်ဆုံးပြန်လာပြီးလေ၊ ရှင်ဒေါသနဲ့ ထွက်မလာနဲ့နော် "

မားမားမုက ဧည့်ခန်းထဲက ထွက်လာတော့ မုရှင်းယုရဲ့ ပုံရိပ်ကိုသူမမြင်လိုက်တယ်။

" မားးး " မုရှင်းယုက အလွန်စိတ်လှုပ်ရှားသွားပြီး သူ့အမေကို ပွေ့ဖက်ဖို့ ရှေ့သို့လှမ်းလာသည်။ မားမားမုကအနည်းငယ်အံသြသွားတယ်။ သူ့သားက သူမကို အခုလိုတီတီတာတာမလုပ်တာ ဘယ်လောက်တောင်ကြာပြီးလဲ၊ သူမကပြုံးပြီး...

" နင်အခုလိုထွက်သွားတာပျော်လာဟမ်း၊ လာပြီးဝိတ်ကျသွားလားဆိုတာ ဒီအမေကိုကြည့်ခွင့်ပေး "

" မားးမစိုးရိမ်နဲ့ ကျတော့်အတွက် အရာအားလုံးအဆင်ပြေတယ် "
မုရှင်းယုက ပါးပါးမုကို ကြည့်လိုက်တော့ သူကဧည့်ခန်းထဲမှာထိုင်ပြီး မဂ္ဂဇင်းကို ဖတ်နေတုန်းဘဲ၊ သူကလျှောက်သွားပြီးခေါ်လိုက်တယ်...

" ပါး ကျတော်ပြန်လာပြီး "

" ဟမ့်...မင်းပြန်လာတာငါသိတယ် "
ပါးပါးမုက မုရှင်းယုကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများကို မဂ္ဂဇင်းပေါ်မှာသာ ချထားလိုက်တယ်။

" လူအိုကြီးမု ကျမသားက အခုမှပြန်လာတာ၊ ရှင့်ရဲ့ဒေါသကိုဘဲအာရုံစိုက်မနေနဲ့ " မားမုကလျှောက်လာပြီး မကျေမနပ်ပြောလိုက်တယ်။

မုရှင်းယုက ကြိတ်ရယ်နေသည်။ သူ့အဖေက ကုမ္ပဏီမှာဘာမှမပြောပေမယ့် သူ့အမေကအိမ်မှာဆို သူဌေးဖြစ်သည်။ ဒါပေမယ့်မုရှင်ယုက သူ့အဖေက သူ့ကိုအရမ်းဂရုစိုက်တာကိုသိတယ်၊ အခုသူကသူ့ကိုတမင်တကာ ဂရုမစိုက်ဘဲနေ နေတယ်ဆိုတာသိတယ်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now