" ယဲ့တုန်က မင်းကိုတစ်ပတ်လောက် အနားယူဖို့ ခွင့်ပြုတယ် ဒါပေမယ့် ..."

" ဒါပေမယ့်..ဘာဖြစ်လဲ? "

" အစ်မချင်းကို ခွင့်ယူမယ့်အကြောင်း ငါမပြောရသေးဘူး ငါ သူမကို စိတ်ပူတယ်..."

မုရှင်ယုက ရှောင်ဝမ်းကို ကြားဖြတ်ကာ ပြောလိုက်တယ်...

" သူမကို တစ်ယောက်ထဲ ထားလိုက်...ငါဒီအခန်းကို ရိုက်မလား မရိုက်ဘူးလား ဆိုတာ ငါပြောလိုက်မယ် "

" ဘာပြောတယ် ! "
ရှောင်ဝမ်းက အံသြသင့်စွာနဲ့မေးလိုက်တယ်။

" အစ်ကိုရှင်ယု မင်းတစ်ခုခု ဖြစ်လို့လာ ဖုန်းဇီအန်က မင်းကို တစ်ခုခုကြံစည် ပြန်ပြီးလာ? "

ရှင်းယုက ပြုံးကာ ခေါင်းကိုခါယမ်းလိုက်သည်။ " မဟုတ်ဘူး ငါအိမ်မှာဖြေရှင်းရမယ့် ကိစ္စရှိလို့ "

ရှောင်ဝမ်က စိတ်သက်သာရာ ရသွားသည်။ ရုတ်တရက် သူခုနက တွေ့လိုက်တဲ့ သူကို တွေးမိပြီး...
" ရှင်းယု ငါခုနက ဘယ်သူ့ကို မြင်လိုက်တယ်လို့ ထင်လဲ? "

" ဘယ်သူလဲ? "

" မစ္စတာအန်ဒရီလေ...သူကမင်းရဲ့ ဒဏ်ရာအကြောင်းကို သိပြီး မင်းကိုတွေ့ဖို့ အထူးခရီးစဉ် တစ်ခု လုပ်ခဲ့တာဖြစ်မယ် " ရှောင်ဝမ်က အံ့သြစွာ ပြောလိုက်သည်။

သို့သော် ရှင်ယု၏ မျက်နှာသည် ချက်ချင်းပင် နှက်ရှိုင်းသွားတယ်။

ယခင်ဘဝ၌ သူဒဏ်ရာ ရသည်ကိုကြားပြီးနောက် အန်ဒရီသည် သူ့ကို တွေ့ရန် ဟိုတယ်သို့ အထူးခရီးစဥ် တစ်ခု လုပ်ခဲ့သည်။ ထိုအချိန်တွင် သူအတော်လေး ပျော်ရွှင်ခဲ့သည်။ ဒါပေမယ့် အဲ့ဒါက အန်ဒရီသည် သူ၏ ယုံကြည်မှုကို ရရှိရန်အတွက် သုံးသည့်နည်းလမ်းတစ်ခုသာဖြစ်သည်။

အန်ဒရီသည် စက်ဆုပ်ဖွယ်ကောင်းယုံသာမက လှည့်စားတဲ့ နေရာမှာလည်း အလွန်တော်သည်။ သူ့ပတ်ဝန်းကျင်မှ လူများက အန်ဒရီသည် သူ့အတွက် ထူးခြားသည် ဟုထင်ခဲ့သည်။

သူက သူ့ရဲ့အချက်အလတ်မျကိုဖျောက်ပြီး အနုပညာလောကထဲကို ၀င်ခဲ့တယ်၊ သူနေထိုင်တဲ့ အခန်းက မြင်ရတဲ့အတိုင်း အဖွဲ့သားတွေက သူ့ပေါ်မှာ အလွန် ဆိုးရွားစွာ ဆက်ဆံခဲ့တယ်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)حيث تعيش القصص. اكتشف الآن