ပိုင်ဟန်ဟာ ချင်မော့ရန်ကို အနောက်ကနေထွေးပွေ့ထားရင်း
ကုတင်ထက်မှာလဲလျောင်းနေခဲ့တယ် ပိုင်ဟန်က မော့ရန်ကို အထိခိုက်မခံနိုင်တဲ့
ရတနာတစ်ပါးလိုယုယုယယလေးထွေးပွေ့ထားတာ

"ဟန်ကော...ကျွန်တော်ရိပေါ်ကိုကြောက်တယ်"

ထိုစကားကြား​တော့ပိုင်ဟန်ဟာမော့ရန်ကို
ထွေးပွေ့ထားရင်းအရှုးသဖွယ်ရီနေတယ်

"ကိုယ်ကရန်လေးဘာများဖြစ်နေတာလဲလို့စိုးရိမ်​နေတာ
လက်စသတ်တော့ရန်လေးကဟိုသေတော့မဲ့သခင်လေးကိုကြောက်နေတာကို"

"သေတော့မယ်....ဝမ်ရိပေါ်ကသေတော့မှာလား"

ပိုင်ဟန်ရဲ့စကားကြောင့်မော့ရန်ဟာအံ့သြပျော်ရွှင်သွားတယ်
နောက်ဆုံးတော့ဝမ်ရိပေါ်သေတော့မယ်တဲ့

"အင်းသေတော့မှာ ခုနကပဲကို့သူငယ်ချင်းတစ်ယောက်Messageပို့တယ် ဝမ်ရိပေါ်ကသူ့မင်္ဂလာဆောင်ကနေထွက်ပြေးသွားတယ်တဲ့"

"ထွက်ပြေးသွားတယ် ဒါဆိုသူဒီကိုရောက်လာတော့မှာပေါ့"

မော့ရန်ဟာပြောရင်းကုတင်ပေါ်ကနေထပြေးဖို့ကြံတယ်
သို့သော်စီနီယာပိုင်ရိဟန်ကသူ့ကိုပြန်ဆွဲလိုက်တယ်

"ဘာတွေကြောက်နေတာလဲဝမ်ရိပေါ်ဒီကိုရောက်မလာနိုင်ပါဘူး
ကိုသူ့ကိုMessageပို့ပြီးသွားပြီ ကိုဒီနိုင်ငံကနေထွက်သွားမယ်လို့"

"ဟင်...ဟန်ကောကထွက်သွားတော့မှာလား"

"ရှုးနေတာလား ကိုကမင်းလေးကိုထားပြီးဘယ်ကိုမှထွက်မသွားဘူး
ကိုကဒီအတိုင်းရိပေါ်သူ့လက်ထပ်ပွဲကိုသူကိုယ်တိုပြန်ဖျက်တာကိုလိုချင်ရုံပါ"

"မင်္ဂလာပွဲကိုဖျက်စေချင်တယ် အကိုသူ့အပေါ်မှာခံစားချက်တွေရှိနေတာလား???"

"ဘာတွေလျောက်တွေးနေတာလဲကွာ သူသာဒုဗိုလ်ချုပ်ရှောင်းကိုလက်ထပ်လိုက်ရင်
ကိုယ်နဲ့မင်လေးကရိပေါ်ခြေဖျားအောက်က
မြုမှုန်လေးတွေလောက်တောင်အဆင့်မရှိဘဲဖြစ်သွားလိမ့်မယ်..
အဲ့တာကြောင့်ကိုမင်္ဂလာပွဲကိုပျက်အောင်လုပ်လိုက်တာ
အခုတော့ကြည့်ဂုဏ်သိက္ခာကိုအသက်ထက်ပိုတန်ဖိုးထားတဲ့
ဒုဗိုလ်ချုပ်ရှောင်းကဝမ်ရိပေါ်ကိုရှာဖို့သူ့စစ်သားတွေကိုအမိန့်ပေးလိုက်ပြီ
ဝမ်ရိပေါ်ကိုတွေ့တာနဲ့တွေ့ရာသင်္ချိုင်းဓားမဆိုင်းစေဘဲမသေမချင်းသတ်ဖို့မှာနေပြီတဲ့
ဘယ်လောက်တောင်ပျော်စရာကောင်းလိုက်လဲတစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့....မဟုတ်သေးပါဘူးတစ်ချက်ခုတ်ရင်သုံးချက်ပြတ်မှာထင်တယ်"

General Xiao Is Ruining MeWhere stories live. Discover now