36.

အဆုံးမှာတော့ အငယ်လေးချန်ကကျွန်တော့်ကို ကယ်ဖို့ရောက်လာခဲ့တယ်။ စွမ်းအင်တွေပြည့်နေတဲ့ လက်ဖက်ရည်နှစ်ခွက်ကို လက်ထဲမှာ ကိုင်ပြီး အခန်းထဲကို ပြေးဝင်လာကာ

“အစ်ကို ဘာ toppings လိုချင်တယ်ဆိုတာ မပြောလိုက်လို့ ကျွန်တော် နှစ်ခုလုံးဝယ်လာလိုက်တယ် ဘယ်ဟာကို ပိုကြိုက်လဲ ကြည့်​ကြည့် ပါဦး။”

 သူလှည့်ကြည့်လိုက်တာနဲ့ ကုရိလျန်
လည်းအဲဒီမှာရှိနေတာကို သူသတိထားမိလိုက်တယ်။

 ထို့နောက်သူ၏ နောက်ကျောမှာ ချက်ချင်းတည့်မတ်သွားပြီး ''အစ်ကိုကု''ဟု နှုတ်ဆက်လိုက်သည်။ ကုရိလျန်ကလည်း ပြန်နှုတ်ဆက်လာသည်။

ထို့နောက်ပြောရမည့်စကားအကြောင်းအရာတစ်ခုကို ရှာတွေ့လိုက်သည်။

"ရိုက်ကူးရေးကခဏနေရင် စတော့မှာ ဗိုက်ထဲမှာ ဘာမှမရှိရင် ကျန်းမာရေးထိခိုက်လိမ့်မယ် လက်ဖက်ရည်လေးဖြစ်ဖြစ်နည်းနည်းသောက်လိုက်ပါလား''

ထိုသို့ပြောပြီးနောက် စောနက ဖတ်ထားသည့် fanficထဲတွင် ကုရိလျန်သည် အချို မကြိုက်ဟုရေးထားသည်ကို ပြန်သတိရသွားကာ အဆောတလျင် ထပ်ပြောလိုက်သည်။

''ဒါတွေက သကြားနည်းပါတယ် အရမ်းမချိုဘူး''

ကုရိလျန် သည် ခဏတာ အံ့အားသင့်သွားပြီး

အငယ်လေးချန်...မင်းက အဆင်မပြေတဲ့ဘဝကနေ ငါ့ကိုကယ်ပေးလိုက်တဲ့ မီးသတ်သမားလေးပဲ

ကျွန်တော် သူ့ဆီကနေ လက်ဖက်ရည်နှစ်ခွက်ကိုလှမ်းယူလိုက်ပြီး စစ်ကြည့်လိုက်သည်

အဲထဲက တစ်ခုမှာ ရိုးရိုးနို့လက်ဖက်ရည်ဖြစ်ပြီး toppingsလုံးဝမပါပေ။  နောက်တစ်မျိုးက အပေါ်တွင် အုန်းဂျယ်လီ၊ ပူတင်း၊ boba၊ ရှားစောင်းလက်ပတ်နဲ့ မြက်ဂျယ်လီတွေ ကို စွပ်ပြုတ်တစ်ခွက်လိုမျိုးအပြည့်ထည့်ထားသည်

37.

ဒီကလေးက သောက်ရမ်းဉာဏ်ကောင်းတဲ့ပညာရှင်ပဲ

I Ship My Rival X Me Where stories live. Discover now