အားလုံးကို ခြုံပြောရရင် ဒီကမ္ဘာကြီးက ပျားရည်တွေ သကြားခဲလေးတွေနှင့် အရမ်းချိုမြိန်တဲ့အရာလေးတွေစီးကျနေတဲ့ အံ့သြဖို့ကောင်းတဲ့ ကမ္ဘာကြီးသစ်ကြီးပဲ။

ဦးနှောက်ဆေးတဲ့ ပို့စ်အချို့ကို ဖတ်ပြီးနောက် ကျွန်တော် ဆီချိုရောဂါပင်ရလုနီးပါးဖြစ်သွားခဲ့သည်။

ကျွန်တော်သာ ကုရိလျန် အကြောင်းသိတဲ့ ဝေယန်းဇီမဟုတ်ခဲ့လျှင် ကျွန်တော်တို့လက်ထပ်ပြီးသည်ကို ကျွန်တော်ယုံမိသွား
လိမ့်မယ်ဖြစ်သည်။

18.

အချက်တစ်ချက်ကတော့ Niangzi (1)ဆိုသည့် နာမည်မှာ shipတစ်စင်း၏ နာမည်အနေဖြင့် အလွန်ကြောက်ဖို့ကောင်းလွန်းခြင်းဖြစ်သည်။

19.

Niangzi Army ထဲမှအဖွဲ့ဝင်တစ်ဦး သည် ကြီးမားသောအချိန်လိုင်းတစ်ခု၊မြို့တစ်ခုတည်းမှာ အတူတူနေတဲ့ဖြစ်နိုင်ခြေ ပရိတ်သတ် MV များ၊ စိတ်ကူးယဉ်ဇာတ်လမ်းများနှင့် ကြိုက်နှစ်သက်မှုများ ကဲ့သို အချက်အလက်များစွာပါဝင်သော Weibo ပို့စ်ရှည်ကြီးကို စုစည်းရန် အစွမ်းကုန်ကြိုးစားခဲ့သည်။ 
Hyper linksများအားလုံးကို တစ်စုတစ်စည်းတည်းစုပေးထားသောကြာင့် ကျွန်တော်ဖတ်ချင်တဲ့ အရာကို တစ်ခုပြီး တစ်ခု နှိပ်လိုက်ရုံသာဖြစ်သည်။သရုပ်ဆောင်ရမည့်အခန်းတွေကိုလည်း အလွတ်ကျက်ပြီးသားဖြစ်သည်မို့ ကျွန်တော်အခု အရမ်းလွတ်လပ်နေတယ် စောစောကမြင်ခဲ့ရတဲ့အမှိုက်ပို့စ်တွေထက် ဒါတွေဖတ်ရတာက အသာကြီး ပိုကောင်းတယ် ထို့ကြောင့် ဆက်ပြီးဖတ်ဖို့ linkအချို့ကို ထပ်နှိပ်လိုက်တယ် ။

20.

ဒါကတော့ ကျွန်တော့် ဦးနှောက်အတွင်းက နောက်နာရီဝက်ကြာတဲ့အထိ လှုပ်ရှားမှုတွေဖြစ်တယ်


အိုး၊ ဒီ MV က အရမ်းလှပြီး ဝမ်းနည်းစရာကောင်းတယ်။

အိုး၊ ဒီ MV က အရမ်းလှပြီး ဝမ်းနည်းစရာကောင်းတယ်။

Oops! Questa immagine non segue le nostre linee guida sui contenuti. Per continuare la pubblicazione, provare a rimuoverlo o caricare un altro.
I Ship My Rival X Me Dove le storie prendono vita. Scoprilo ora