1.

632 47 6
                                        

ဝရံတာမှလေနုအေးတို့က အိမ်တွင်းထိကျူးကျော်လာနေသည် ၊ မိုးတို့ကဖြိုင်ဖြိုင်ရွာနေသည်လား နှင်းဖွဲဖွဲကျနေသည်လား ဝိုးတဝါးမြင်ရသည်မို့ မသည်းကွဲစွာရှိနေသည် ။

မျက်ဝန်းတို့မှာမျက်ရည်စတို့ပြည့်နှက်မှုန်ဝါးနေဆဲ ၊
ပါးပြင်မှာလည်းစွတ်ပျံ့ပျံ့။

ဒီနေ့ဟာ ကျွန်တော့မွေးနေ့မလား ။
မွေးနေ့လက်ဆောင်ကို ထုံးစံအတိုင်းလက်ခံသိမ်းဆည်းရဦးမည် ။

မှတ်တမ်းစာအုပ်ပါးလေးကို တရွက်စီလှန်လှောလျှင်
ညာဘက်စာမျက်နှာတိုင်းတွင် အိတ်အကြည်နှင့်ပိတ်သိမ်းထားသောပန်းခြောက်တပွင့်ကိုတွဲချုပ်ထားသည် ။

ဖောင်တိန်ကိုင်ထားသောလက်တို့မှာ
လက်ဖမိုးပြင်ကားဖြူရော်နေသည် ၊
အကြောစိမ်းတို့ကို ခပ်တွန့်တွန့်အရေပြားတို့ကပါးလှပ်လှပ်လေးအုပ်ထားသယောင် ။

နှလုံးခုန်သံတချက်တချက်မြန်လာသည် ။
အသက်ရှုရသည်မှာတိုး၍ခက်ခဲလာသည် ။
မျက်ခွံတို့က လေးလံလာလေသည် ။
နားထဲတွင်လည်း တုန်ခါမှုတချို့သာကြားလာရတော့သည်
သို့သော်အသံမဲ့နေ၏။

အချိန်ကျပြီထင်ပါရဲ့ ။
ဘယ်လိုလုပ်ရပါ့မလဲ
ဒီနှစ်မွေးနေ့မှာတော့ မင်းဆီက daffodil ပန်းလေးတွေကိုမရတော့ဘူးလား

ကုလားထိုင်လက်တန်းပေါ်တင်ထားသည့် လက်တို့ကပြေလျော့စွာ လေထဲဝယ်လျောကျလာသည် ။

ခပ်နွမ်းနွမ်းစာအိုဟောင်းလေးကလည်း
ကြမ်းပြင်ပေါ်ခုန်ဆင်းလာလေသည် ။
မှင်သားတို့မှာ ပျံ့သည်ကပျံ့ကွက်သည်ကကွက်နေသည်
တရားခံသည် မျက်ရည်စတို့ပင် ။
စာဦးပိုင်းတွင်မြင်နေရသည့် စာတန်းလေးရှိ၏။
ကျွန်တော့်နာမည်မှာ ခပ်ထင်းထင်း
ပြန့်နေသည့်မှင်စတို့ကိုပွတ်သက်ရင်း ကျွန်တော်သက်ပြင်းချသည် ။
"လရောင်လေး တဖြစ်လဲမောင့်ဆော့ဂျင်" ဟူ၍သာ ။

ဒါသည်ကျွန်တော်၏နောက်ဆုံးထွက်သက်ဖြစ်လိမ့်မည်

                           —- 🌧️🌧️——
ဖေဖေ့ကိုသာအရွဲ့မတိုက်ချင်ခဲ့လျှင်
ဆူးဘင်းကိုသာ အနိုင်မလိုချင်ခဲ့လျှင်
ကျွန်တော်သာ ကိုရီးယားကိုပြန်မလာခဲ့ရင် ...
ထိုရက်ကမိုးတွေသာမသည်းခဲ့ရင် ...
ဂျွန်ဂျောင်ကုဆိုတဲ့မောင်နဲ့သာမဆုံခဲ့ရလျှင် ။

Enchanted (KookJin)Where stories live. Discover now