ဟံသာဦး ထိုင်ခုံပေါ်တင်ထားသည့် လက်ဆွဲအိတ်ကို ဆက်ခနဲ ဆွဲယူခါ မီးဖိုခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ နွေဦးမှာ ဒေါသဘဲ ထွက်ရနိုးနိုးနှင့် ဟံသာဦးကျောပြင်အား မျက်စောင်းတစ်ချက်ထိုးလိုက်မိသည်။

.............

ဟံသာဦး အခန်းထဲရောက်မှဘဲ အသက်ဝဝရှူနိုင်တော့သလို သက်ပြင်းတစ်ချက် ချရင်း ဝတ်ထားသော shirtအဖြူအား ကျယ်သီးဖြုတ်လိုက်သည်။ တနေ့လုံး ပင်ပန်းထားသမျှ ရေချိုးဖို့ကိုသာ သူအာရုံရောက်နေမိ၏..။

Ring~~Ring~~!

စားပွဲပေါ်က တဒူဒူတုန်ခါနေသော ဖုန်းသံကြောင့် ဟံသာဦး ကြည့်လိုက်မိသည်။ ဖုန်းကွန်တက်တွင် ပေါ်နေသည့်နာမည်သည်...

"Hello နှင်းစံ.."

"ကိုကို အိမ်ပြန်ရောက်ပြီလား.."

တဖတ်က ခပ်ချွဲချွဲ အသံလေးနဲ့ပြောနေသူကြောင့် ဟံသာဦး တစ်ချက်ပြုံးလိုက်မိသည်..။

"အင်း ကိုယ်အခုဘဲ ပြန်ရောက်တယ် နှင်းစံရော.."

"နှင်းစံလည်း အတူတူဘဲ ဒါနဲ့မနက်ဖြန် sunday  မှာကိုကိုအားလားဟင် နှင်းစံနဲ့ coffee date ကြမလား..."

"Coffee date!"

ဟံသာဦး မသိသလိုလေး သူမအား ပြန်မေးမိလိုက်သောအခါ ဖုန်းတစ်ဖတ်ခြမ်းမှ ခဏတာ တိတ်ဆိတ်သွား၏..။ ပြီးမှ....

"အို နှင်းစံ တအားစိတ်လောသွားတာဘဲ..နှင်းစံ ဆိုလိုတာကလေ ကိုကိုများ coffee သောက်ချင်မလားလို့ high place ဆိုတော့ ရှုခင်းလည်း တအားလှတာ ပြီးတော့ ကိုကို့ကို ခေါ်ပြချင်လို့ပါ ကိုကိုက အလုပ်ပိနေတဲ့သူဆိုတော့လေ.."

ဟံသာဦးက မဲ့ပြုံးကလေးနှင့်...

"ဟုတ်ပြီ...sunday coffee date အတွက်ကိုယ် comfineလိုက်ပြီနော်.. မနက်ဖြန်တွေ့ကြတာပေါ့ see you.."

"Ok! see you ပါ ကိုကို .. sweet nightနော်.."

ဖုန်းအား ဦးစွာ ချသွားသော နှင်းစံသည် မနက်ဖြန်အတွက် အတော်ကလေး စိတ်လှုပ်ရှားနေသယောင်.. ပြီးတော့ သူစိတ်ဝင်စားနေသည့် လူတယောက်အား ကြိုးစားပိုင်ခွင် အပြည့်အဝ ရတော့မည်..။

"အဟက်.. အန်တီရယ် sorry နော် ခင်မင်ထောက်ထားခဲ့တဲ့ မျက်နှာကလေးနဲ့ ကိုကို့ကို အပိုင်ယူပစ်လိုက်တော့မယ် နှင်းစံလက်ထဲ ကိုကို ပျော်နေစေရမယ်လို့ အာမခံတယ် အဟက်ဟက်..."

MY Crush Is My Step-FatherWhere stories live. Discover now