story time (side story)

Start from the beginning
                                    

ဟံသာဦး ကန်တော့သည့်မုန့်မှာ ဦးနေမင်းခရဲ့ ချစ်ဇနီးခင်ပွန်းလေး သိပ်ကြိုက်ပါသော ပုဇွန်မုန့်ဖြစ်သည်..။ သူတနေ့လုံး ဆိုင်တွေ ပတ်ရှာနေတာတောင် မရသည့် ထိုမုန့်အား ဟံသာဦးက ဘယ်လိုရခဲ့ပါသနည်း..။

"နေတော့.. ပြန်တော့မယ် ဒါဘဲ..."

ထပြန်ရန်လုပ်နေသော ဟံသာဦးလက်ထဲက မုန့်ကိုလိုချင်သည်မှာ သူ့အား စိတ်ဆိုးနေသည့် သူ့ခင်ပွန်း မိုး ကို ချော့ချင်သည်..။

"အဟမ်း! .. ခဏ.."

ချောင်းသတ်ရင်း အချိန်ဆွဲထားမိလိုက်သည်..။

"ဘာလဲ..."

"မုန့်ထားခဲ့..."

အမိန့်ပေးသံဟုထင်ရသော အမိန့်စကားကြောင့် ဟံသာဦးရယ်သည်..။

"တရားတယ်နော်.. မုန့်ကျ လိုချင်တယ် မုန့်ဖိုးကျတော့မပေးဘူး... ဟဟ ဘဲရမယ် ဟဟ.."

မုန့်ဘူးကိုင်ခါ ပြန်ထွက်သွားသော ဟံသာဦးကြောင့် နေမင်းခ စိတ်ထဲ ရင်တုန်ပန်းတုန်ထြစ်သွားရသည်လေ။

"ပေး.. ပေးမယ်...မုန့်သာထားခဲ့.."

"အမ် ဒါမျိုးလာမကျောနဲ့ မရဘူးလေ.. အဟမ်းဟမ်း ငွေလွှဲပြီးကြောင်း သက်သေလေးပြပါခင်ဗျာ..."

ဦးနေမင်းခဆိုသော ကတ်စေးကုတ်ကြီးက မျက်နှာကြီးရှုံတွလို့ သူ့ဖုန်းအား တတပ်တပ်ရိုက်နှိပ်နေသည်..။

"ဒီမှာနော် လွှဲပြီးပြီ..."

"ဟဲဟဲ ဒါမှပေါ့ ရော.. ဒီမှာမုန့် "

ငွေရပြီဆိုသော အတွေးကလေးနဲ့ ဟံသာဦး အပျော်ကြီး ပျော်လို့ ပြီးတော့ သူ့ကလေးလေးနှင့် ညနေ ချိန်းထားတာကို သွားရအုံးမည်မို့လား... အခုကတည်းက ရေမိုးချိုးခါ ပြင်ဆင်နေပြီ...။

ညနေရောက်တာနှင့် လေးလေးပေးတဲ့ ပိုက်ဆံတပွေ့တပိုက်နှင့်အတူ ကလေးလေးဆီ ရောက်လာခဲ့ပြီ...

"ကိုကို..."

ချိန်းဆိုထားရာ နေရာတွင် ဟို နှစ်ကောင်ကိုပါ ပူးတွဲမြင်လိုပ်ရတာကြောင့် အနည်းငယ်တော့ စိတ်ပျက်မိသွားသည်..။ သူတို့က ဘာလာလုပ်တာလဲ သူများတကာ ချိန်းတွေ့ကြပါတယ်ဆိုမှ..

MY Crush Is My Step-FatherWhere stories live. Discover now