ယန်ချီက စကားပြောလိုက်တဲ့ တောင်ထိပ်သခင်ကို ကြည့်ပြီး မေးလိုက်တယ်။

အဲ့ဒီတောင်ထိပ်သခင်လည်း ယန်ချီရဲ့ စကားကို ကြားတော့ နှာခေါင်းရှုံ့လိုက်ပြီး ပြေလိုက်တယ်။ “တောင်ထိပ်သခင် တစ်ယောက်က စိတ်ဝိဉာည်အင်ပါယာ အဆင့်မဟုတ်ရင် တောင်မှ မဟာစိတ်ဝိဉာဉ်သူတော်စင် အဆင့်တော့ ဖြစ်သင့်တယ်လေ”

ဒီစကားတွေကို ကြားတော့ ယန်ချီက ခဏလောက် စဉ်းစားလိုက်ပြီး ပြောလိုက်တယ်။ “ငါက မဟာစိတ်ဝိဉာဉ် သူတော်စင်အဆင့်ဆိုတော့ တောင်ထိပ်သခင် လုပ်လို့ ရပြီးပေါ့”

........

Godly Sword System
Chapter 772 မယုံကြည်နိုင်တဲ့ ဖြစ်ရပ်
Translated by Thura

ခန်းမထဲမှာ ရှိတဲ့ လူအားလုံးက ယန်ချီရဲ့ စကားကို ကြားတဲ့အခါ သူတို့အားလုံး အံ့အားသင့်သွားကြတယ်။

“မင်း. . . မင်း ဘာပြောလိုက်တာလဲ”

တောင်ထိပ်သခင်တစ်ယောက်က ယန်ချီကို အံ့အားသင့်စွာ ကြည့်ပြီး မေးလိုက်တယ်။

“ငါက မဟာစိတ်ဝိဉာဉ်သူတော်စင်တစ်ယောက်ပဲ။ အဲ့ဒါက အံ့အားသင့်စရာများ ရှိလို့လား”

ယန်ချီက စကားလှမ်းပြောလိုက်တဲ့ တောင်ထိပ်သခင်ကို ပေါ့ပါးစွာ ကြည့်ပြီး မေးလိုက်တယ်။

ခန်းမထဲမှာ ရှိတဲ့ လူတိုင်း ယန်ချီရဲ့ စကားကြောင့် တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြတယ်။

တကယ်တမ်းတော့ သူတို့အားလုံးက ယန်ချီတစ်ယောက် ဒီစကားကို ပြောလိမ့်မယ်လို့ ထင်မထားမိဘူးလေ။

“မင်းက မဟာ စိတ်ဝိဉာဉ်သူတော်စင်အဆင့်လား”

“ဟုတ်တယ်လေ”

ယန်ချီက ခေါင်းညိတ်ပြီး ပြောလိုက်တယ်။

“ဟား ဟား ဟား ”

ယန်ချီရဲ့ အဖြေကို ကြားတော့ တောင်ထိပ်သခင် တစ်ယောက်က ယန်ချီကို လှောင်ပြောင်ရယ်မောလိုက်တယ်။

ယန်ချီက အလွန်ကို ငယ်ရွယ်လွန်းတာကြောင့် မဟာစိတ်ဝိဉာဉ်သူတော်စင်အဆင့်ကို ရောက်နေလိမ့်မယ်ဆိုတာ သူက မယုံကြည်နိုင်ပါဘူး။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now