တောင်ထိပ်သခင်တွေအားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြတယ်။

ချက်ချင်းပင် သူတို့အားလုံးရဲ့ အကြည့်တွေက ယန်ချီဆီကို ရောက်လာခဲ့တယ်။

တောင်ထိပ်သခင်တွေက လိမ္မာပါးနပ်တဲ့ သူတွေပါ။ ဒီ တောင်ထိပ်သခင်တံဆိပ်ပြားကို ယန်ချီ ယူလာမှန်း တွေးမိလိုက်ကြတယ်။

“ညီငယ်လေး မင်း တောင်ထိပ်သခင်တံဆိပ်ပြားကို ဘယ်ကနေ ယူလာလဲဆိုတာ ပြောပြနိုင်မလား”

“မပြောနိုင်ဘူး”

ယန်ချီက ပုံမှန်အတိုင်း ပြန်ပြောလိုက်တယ်။

ယန်ချီက ပြောဖို့ ငြင်းဆန်တာကို မြင်တော့ တောင်ထိပ်သခင် တွေကလည်း ဆက်မေးဖို့ ရှက်ရွံ့သွားခဲ့ကြတယ်။

“ယန်ချီ မင်းက တောင်ထိပ်သခင်တံဆိပ်ပြားကို ယူလာတာ ဆိုတော့ မင်းက ငါတို့ ဓါးနတ်ဘုရားနန်းတော်ရဲ့ ခုနှစ်ခုမြောက် တောင်ထိပ်သခင်ပဲ”

နန်းတော်သခင် ဝူတျန်းရဲ့ စကားမဆုံးခင်မှာပဲ တောင်ထိပ်သခင် တစ်ယောက်က ကြားဖြတ် ပြောလိုက်တယ်။

“နန်းတော်သခင် သူက တောင်ထိပ်သခင်တံဆိပ်ပြားကို ယူလာနိုင်တာဆိုတော့ ခုနှစ်ခုမြောက်တောင်ထိပ်ရဲ့ တောင်ထိပ်သခင် ဖြစ်သင့်ပါတယ်။ ဒါပေမဲ့လည်း သူ့အသက်အရွယ်က. . . .”

အဲ့ဒီတောင်ထိပ်သခင်က စကားကို ဆုံးအောင် မပြောလိုက် ပေမဲ့လည်း နောက်ဆက်ပြောမယ့် စကားတွေကို တွေးကြည့်ဖို့တောင် မလိုတော့ပါဘူး။

သူ ဆက်ပြောမယ်ဆိုရင်လည်း နောက်စကားတွေက အရမ်းကို ရိုးရှင်းပါတယ်။

အဲ့ဒါကတော့ ယန်ချီက အလွန်ကို ငယ်ရွယ်ပြီး အားနည်းတယ်လို့ ပြောချင်တာပါ။

ဒီလိုလူမျိုးကသာ ဓါးနတ်ဘုရားနန်းတော် ရဲ့ ခုနှစ်ခုမြောက် တောင်ထိပ်သခင် ဖြစ်လာခဲ့ရင် သူတို့တွေ အရှက်ရလိမ့်မှာပါ။

ဒီသတင်းသာ ဓါးနတ်ဘုရားနယ်မြေထဲ ပျံ့နှံ့သွားခဲ့မယ်ဆိုရင် သူတို ဓါးနတ်ဘုရားနန်းတော် က ဘယ်လို ဖြစ်သွားမှာလဲ။

“ဘာကြောင့်လဲ။ စိတ်ဝိဉာဉ်အင်ပါယာဖြစ်မှ တောင်ထိပ်သခင် ဖြစ်ရမှာလား”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now