“ခဏစောင့်ဦး။ ငါ တောင်ထိပ်သခင်တွေကို ခေါ်လိုက်ဦးမယ်”

နန်းတော်သခင် ဝူတျန်းက အမိန့်ပေးလိုက်တယ်။

ဓါးနတ်ဘုရားနန်းတော် က စိတ်ဝိဉာဉ်ဆရာသခင် များစွာက နန်းတော်သခင်နဲ့ တွေ့ဖို့အတွက် အဆောတလျင်နဲ့ အဓိကတောင်ထိပ်ဆီကို လာခဲ့ကြတယ်။

နာရီဝက် ကြာသွားပြီးနောက် ဓါးနတ်ဘုရားနန်းတော် မှာ ရှိတဲ့ တောင်ထိပ်ငါးခုရဲ့ တောင်ထိပ်သခင်တွေက အဓိက ခန်းမကြီးဆီကို ရောက်လာခဲ့ကြတယ်။

“နန်းတော်သခင် ”

တောင်ထိပ်သခင်တွေက နန်းတော်သခင်ကို ရိုရိုသေသေနဲ့ နှုတ်ဆက်လိုက်ကြတယ်။

“တောင်ထပ်သခင်တို့ မင်းတို့တွေ ဒါကို ဘယ်လိုထင်လဲ”

နန်းတော်သခင် ဝူတျန်းက တောင်ထိပ်သခင်တံဆိပ်ပြားကို ပြပြီး မေးလိုက်တယ်။

တောင်ထိပ်သခင် ငါးဦးကလည် နန်းတာ်သခင်ရဲ့ လက်ထဲက တောင်ထိပ်သခင်တံဆိပ်ပြားကို ကြည့်ပြီး သူတို့တွေက အစမှာ ကြောင်အမ်းနေခဲ့ကြပြီး နောက်ဆုံးတော့ အံ့အားသင့်သွားကြတယ်။

“အဲ့ဒါ .. . အဲ့ဒါ . . အဲ့ဒါက  ,. . . .”

တောင်ထိပ်သခင်တွေက ထိတ်လန့်တဲ့ အမူအယာနဲ့ အထစ်ထစ် အငေါ့ငေါ့ မေးလိုက်မိတယ်။

သူတို့တွေအားလုံးက စိတ်ဝိဉာဉ်အင်ပါယာ အဆင့်တွေပါ။ သူတို့အားလုံးရဲ့ မျက်နှာပေါ်မှာ ဒီလို အမူအယာမျိုး မပေါ်လာတာ အတော်ကြာခဲ့ပါပြီ။ ဒါပေမဲ့ အခုတော့ ထွက်ပေါ်လာခဲ့ပါပြီ။

တောင်ထိပ်သခင်တွေက ဒီလောက်ထိ ထိတ်လန့် သွားလိမ့်မယ်လို့ ဘယ်သူမှ ထင်မိမှာ မဟုတ်ပါဘူး။

“နန်းတော်သခင် အဲ့ဒါက တောင်ထိပ်သခင်တံဆိပ်ပြားပဲ”

တောင်ထိပ်သခင်တစ်ယောက်က နန်းတော်သခင် ဝူတျန်းကို ပြောလိုက်တယ်။

“မှန်တယ်။ ဒီတံဆိပ်ပြားက ဒီလောကမှာ ကျန်နေသေးတဲ့ ငါတို့ ဓါးနတ်ဘုရားနန်းတော်ရဲ့ တောင်ထိပ်သခင် တံဆိပ်ပြားပဲ”

ဓါးနတ်ဘုရားနန်းတော် ရဲ့ နန်းတော်သခင် ဝူတျန်းက ပြောလိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now