"အာ့...."

ဆူထွက်လာသော အသံပုံ ပုံစံ နီဖူးသော နှုတ်ခမ်းရဲရဲလေးက ပြူတင်းပေါက်ဆီမှလာသော လိမေ္မာ်ရောင်တိမ်အောက်မှာ လှသွေးကြွယ်စွာ...

နံရံတစ်ဖက်သို့ နွေဦးအား ကျောကပ်စေရန် ပုခုံးမှ ဖိတွန်းရင်း အနောက်သို့ဆုတ်စေသည်..။ ခြေလှမ်း ထပ်လှမ်းစရာမကျန်တော့လောက်အောင်ကိုပင် ဟံသာဦးစေစားရာအတိုင်း နွေဦးကျောက နံရံနှင့်ထိကပ်စွာ...

"လှတယ်.." ဟု နွေဦး နှုတ်ခမ်းလေးအား လက်မဖြင့်ဖိတင်ပွတ်သပ်ရင်း ဟံသာဦး သူ့ နှူတ်ခမ်းတို့နှင့် ဖိကပ်နမ်းရန် ကြိုးပမ်းခိုက် တစ်ဖတ်က သူ့အား ခေါင်းကို လွှဲရှောင်လိုက်သည်..။

ဟံသာဦး မျက်ခုံးနှစ်ဖတ်ဟာ ထိလုနီးပါးကြုတ်ဝင်လျှက် ရှောင်သည့်ဘက်သို့ လိုက်နမ်းသည်...။

"ဟင်း..."

"ငြိမ်ငြိမ်နေ မဟုတ်ရင် အသက်ရှူရပ်တဲ့အထိ နမ်းပစ်မယ်..."

ဟံသာဦးရဲ့ လက်ဖဝါးတွေက နွေဦးရဲ့ မေးရိုးနှစ်ဖတ်ပေါ် အုပ်တင်ခါ ခေါင်းကို ထပ်၍ လှုပ်မရအောင် ထိန်းချုပ်လိုက်ပြီး ထပ်နမ်းရန်ပြင်သည်။

Ring_Ring_

အချိန်ကိုက်ဝင်လာသော ဖုန်းသံကြောင့် ဟံသာဦး စိတ်ပျက်စွာ သူ့အင်္ကျီအတွင်းအိတ်ကပ်ထောင့်ထဲက ဖုန်းအား လျစ်လျူရှုလို့ သူ့တာဝန်တွေကိုသာ ဆက်သည်..။

Ring_Ring_

တဖန် ထပ်ဝင်လာသော ဖုန်းကြောင့် ဟံသာဦး နွေဦးကိုနမ်းချင်စိတ်လည်းမရှိတော့ပါ.. ပြီးတော့ အဆက်မပျက်လာနေပုံထောက်ရင် ဒါအရေးကြီးဖုန်း ထင်၏ ..။

ဒီအတိုင်းအလွှတ်ပေးလိုက်ဖို့ဆိုတာကလည်း ဝေလာဝေးမို့ နွေဦး ဂုတ်သားဖွေးဖွေးအား သွားရာထင်သည်အထိ ကိုက်ခဲဖိချေပစ်လိုက်သည်။

"အင့်!"

"ဒီနေ့တော့ မင်းကံကောင်းသွားတယ်မှတ်.. "

အိတ်ကပ်ထဲက အဆက်မပျက်အသံထွက်နေသော ဖုန်းအား ထုတ်လို့ ကိုင်ရင်း နားနားကပ်ခါ အခန်းပြင်ဘက် ပြန်ထွက်သွားလေသည်။

" ပြော ညီသု့....!!.....ဘာ...."

ထိပ်လန့်သွားသော ဟံသာဦးရဲ့မျက်နှာအနေအထားက စဉ်းစားစရာတွေများလွန်းနေပြန်သည်..။

MY Crush Is My Step-FatherWhere stories live. Discover now