"ဘာလဲ..." ဟူ၍ ပြန်မေးလိုက်ပုံသည် ကြမ်းပြင်ပေါ်ကျနေတဲ့ မှန်ကွဲစတွေသည် ဟံသာဦး ရင်ခွင်ထဲသို့ ဆူးနစ်စိုက်ဝင်သွားသကဲ့သို့ရှန၏...။

"ဘာလဲ ဟုတ်လား ... ငါစားမဲ့ မနက်စာထဲ အဆိပ်ခက်လောက်ရတဲ့အထိ မင်းသတ္တိတွေ သိပ်ကောင်းနေတယ်ပေါ့လေ..."

ဆိုဖာပေါ် မတ်တပ်ရပ်နေတဲ့ နွေဦးအား၏ လက်တစ်ဖတ်ကို တင်းကျပ်နေအောင်ဆုတ်ကိုင်ရင်း မော့ကြည့်ခါ ဆိုလာသည့် ဟံသာဦးမှာ ရတ္တပ်မအေးလှပေ...။ ဘာလို့ဆိုတော့ သူ့ပါးစပ်မှ မုန်းတယ်ဆိုသည့် စကားထွက်လာမှာကို စိုးရိမ်လှသည်။

".... ဪ့ ဟုတ်သား ကြွက်သတ်ဆေးခက်ထားတဲ့ မုန့်တွေ မှားချပေးမိတာဘဲ.. အဟမ်းဟမ်း မနေ့ကတည်းက ကြွက်တစ်ကောင် သောင်းကြမ်းနေလို့ သတ်မလို့လေ..."

ဟံသာဦး မျက်လုံးတွေ မှေးဆင်းခါ နွေဦးအား အကဲခက်ကြည့်မိသည်..။ အငွေ့အသက်မကောင်းသည့် ခံစားချက်ကြီးက တော်တော် စိုးလှသည်မို့ ဟံသာဦး ရှောင်ထွက်လာစဉ်မှာဘဲ စောနက ပြုတ်ကျသွားသည့် ဓာတ်ပုံဘောင်မှ လာသော ဖန်ကွဲစတွေက ခြေထောက်အား ထိုးခွဲလိုက်သောအခါ နာကျင်မှုက ဆစ်ခနဲ...

"ဟ..."

နွေဦး မြင်သော်လည်း ခပ်ငေးငေးလေးသာ ကြည့်လို့... ညီသု့ကတော့ ထမင်းဝိုင်းဘေး ရပ်နေရာမှ သခင်ဖြစ်သူရဲ့ အသံကြောင့် အပြေးရောက်လာလေသည်..။

"ဥက္ကဠ...."

"နေ....."ဟု ဆိုခါ လက်ပြရင်း ထိုနေရာမှ ထွက်လာခဲ့လိုက်သည်..။ ညီသု့ကတော့ သူတို့နှစ်ယောက်အကြား သက်ပြင်းချရုံသာ တက်နိုင်လေသည်..။

ပြီးမှ နွေဦးအား တစ်နေရာ၌ နေစေခါ ထို ဖန်ကွဲစတွေကို ဂေါ်ပြားနှင့်ကျုံးရသည်..။ ပြီးရင်တော့ မနက်စာ ဝိုင်းအား သေသေချာချာ ကြွတ်ကြွတ်အိပ်နှင့်ထုတ်ပိုးခါ အမှိုက်တောင်းထဲ လွှတ်ပစ်စရာရှိတာ လွှတ်ပစ်ပြီး ဆေးကျောစရာတွေကို သူကိုယ်တိုင်သာ ဆေးရသည့်အဖြစ်... ။

"အကို ရတယ် ကျွန်တော့်ဘာသာလုပ်မယ်.." ဆိုပြီး မီးဖိုခန်းထဲအတင်းဝင်လာတဲ့ နွေဦးကြောင့် ညီသု့တယောက် မခိုင်းရက်စွာ သူချည်းသာဒိုင်ခံ ဆေးရတော့သည်..။ ဘယ်လိုဘဲ ဖြစ်ဖြစ် နွေဦး ဆိုတာကလည်း သူ့သခင်ရဲ့ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သည့် လူမဟုတ်လား... ပြီးတော့ ဒီကလေး အကြောင်းကိုလည်း ဂဂနန သိနှင့်ပြီးသားမို့ အစောကတည်းက ညီသု့ သနားကြင်နာရပေသည်..။

MY Crush Is My Step-FatherWhere stories live. Discover now