အပိုင်း (၁၉)

Start from the beginning
                                    

'' ဘယ်နေရာမှာ ကျန်ခဲ့ တာလဲ ခင်ထွေး သိသလားဟင်။ ဘာလုပ်ဖို့လဲ။ ´´

'' နို့ဒါတော့ဖြင့် ခင်ထွေးလည်း မသိလှဘူး။အရေးကိစ္စတစ်ခုခုရှိလို့နေမှာပေါ့။´´

ခင်ထွေး၏ စကားကြောင့် လရောင် အတွေးကြီး တွေမိနေလေသည်။ ဖေဖေက ဒီအထိလိုက်လာရဲ့သားနဲ့ ဘာကိစ္စများ မေမေမြင့်က ဖေဖေ ရန်ကုန်မှာလို့ ညာပြောရသလဲ။ ပြီးတော့ မေမေမြင့်ကရော ပြောတော့ မမမော်လီကို ကိုရစ်ချက် နဲ့ နေရာချပေးမယ်ဆိုပြီး ဘာကိစ္စကြောင့် ဒီကို မမမော်လီကိုပါ အတူခေါ်လာခဲ့ရသလဲ။ ဒါမှမဟုတ် မမမော်လီကို က်ိုသစ်ဦးနဲ့များ.... အို ဟုတ်တယ်ဆိုရင်တောင် ဒီနေရာက သူ့နေရာပဲ လရောင်က အစားထိုးခံပဲ မဟုတ်လား။ ကိုသစ်ဦးလည်း ခုသာ လရောင်အပေါ်စိတ်ရှိနေပေမဲ့ လရောင်ဟာ တိတ်တိတ်ပုန်းကလေးတစ်ယောက် ဆိုတာ သိရင် အလိုလို မမမော်လီကိုပဲရွေးချယ်သွားမှာပါ။ နို့ လရောင်ဟာ ယောကျ်ားလေးတစ်ယောက်မှန်း သိသွားခဲ့ရင် သာလို့ဆိုးပြီပေါ့ လရောင်ကို မုန်းသွားမလား။ ဒါမှ မဟုတ် ရွံသွားမလား။

'' ဘာတွေ တွေးနေတာလဲ ခင်လေး ။ ´´

'' ဟင် ဘာမှ မဟုတ်ပါဘူး ခင်ထွေးရယ်။ ဟို ရောက်တတ်ရာရာ တွေးမိသွားလို့ပါ။ ´´

'' နို့ ခင်လေး အဆင်ပြေတယ်မဟုတ်လားဟင် ။ အို ရန်ကုန်အိမ်မှာထက် စာရင်တော့ အဆင်ပြေမှာပါလေ ဟုတ်တယ်မလား။ ခင်ထွေးက အစက ဒီအိမ်ကလူတွေ ခင်လေးကို အနိုင်ကျင့်ကြမလား ၊ နှိပ်စက်ကြမလားနဲ့ တွေးပူနေရတာ နို့ပြီး ခင်လေးက အစကတည်းက  အေးအေးဆေးဆေးနဲ့ မှားမှားမှန်မှန်ငြိမ်ခံတတ်တဲ့ အကျင့်ကြောင့် ခင်ထွေးနဲ့ အရီးတုတ်နဲ့က စိတ်ပူနေကြတာ ။ ပြီးတော့ ခင်လေးကို မမမော်လီအစားပို့တာလည်း ခင်ထွေးမကျေနပ်လှဘူး။ ဒါသက်သက်ရမှန်းသိလို့လုပ်တာ။ ခင်ထွေး က ခင်လေး နဲ့အတူလိုက်ခဲ့ချင်ပေမဲ့လည်း သူ့တို့အရိပ်အောက်နေ၊ သူတို့အမိန့်အတိုင်းနေရတော့ လိုက်လို့ကမရဘူး။ ခင်လေး ဒီကို ရန်ကုန်ကနေ သွားတဲ့နေ့က ခင်ထွေးမှာ ငိုလိုက်ရတာ။ ဘာပဲဖြစ်ဖြစ်တော်သေးတယ်။ ခင်ထွေးလေ တကယ် ခုမှ ခင်လေးကို စိတ်ချရတာသိလား။ မနက်ကလေ မြို့အုပ်မင်းကြီး ခင်လေးကို ပြာနေလိုက်တာများ ဟ်ိုသားအမိမျက်နှာ လေ အီးမှန်ထားသလားမှတ်ရတယ်။ ခင်ထွေးအားရလိုက်တာမှ။ ´´

လရောင်ဖြာမှ...အေးသောကြောင့်(လရောင်ဖြာမှ...အေးသောကြောင့်)Where stories live. Discover now